Kayaw Radio July 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)
(အင်္ဂါနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ မဲဆန္ဒနယ် သတ်မှတ်ဖို့ HCKNU တောင်းဆိုလိုက်တဲ့သတင်း၊ မူးယစ်ဆေးဖြတ်ချင်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်လိုက်တယ်ဆိုတဲ့သတင်းနဲ့ ဒေါဆိုရှေ့တောင်သူတွေရဲ့ တောင်ယာတွေကို တခြားသူဝင်ရောက် လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အကြောင်းကို တင်ပြသွားမယ့် ဆောင်းပါးလေးအပြင် သီချင်းလက်ဆောင်အနေနဲ့ ကယောသီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ထိုင်းနှင့်ကယားနယ်စပ်ဂိတ်တွေမှာ နေရပ်ပြန်လာသူတွေကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးကြပ်မတ်လျက်ရှိ

Tue Jul 7 , 2020
စိုးထိုက်အောင် ကယား(ကရင်နီ)ပြည်နယ်မှာ ရှိနေတဲ့ နယ်စပ်ဂိတ်တွေမှ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်ကနေ နေရပ်ပြန်လာသူတွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ရှားတောမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောပါတယ်။ “ ဒီ Covid နဲ့ပတ်သတ်လို့ကျတော်ကို နယ်စပ်က ပြန်ဝင်လာတဲ့ လူပုဂ္ဂိုလ်ကို သတင်းပေး၊ သတင်းယူ တာဝန်ပေးတယ်။ လောလောဆယ်မှာကတော့ ၂၉ ဦးပေ့ါ ကျတော်ပို့ထားပြီးသားဖြစ်တယ်။ အခုကတော့ အစိုးရလဲ ထုတ်ပြန်ပြီ၊ ထိုင်းကလဲ ထုတ်ပြန်ပြီ။ နောက်ပိုင်းမှာ ခိုးဝင် ဆိုတဲ့ ပုံစံနဲ့အရေးယူ တော့မဲ့အခြေအနေမှာ ဖြစ်တော့ ဒီ Covid နဲ့ပတ်သတ်လို့ကျတော်တို့ဆက်ဆံရေးရုံးအနေနဲ့ကတော့ လူဝင်လူထွက် သတင်းစုဆောင်းပေးဖို့ ဒီတာဝန်တော့ […]