spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF က စစ်ရှောင်ပြည်သူတွေထံ ဆက်ကြေးကောက်ပြီး ပိုင်ဆိုင်မှုငွေကြေးတွေကို သိမ်းဆည်းနေတယ်ဆိုပြီး စစ်ကောင်စီက သတင်းမှားဖြန့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ရိက္ခာလုံလောက်မှုမရှိတာကို အကြောင်းပြပြီး လွိုင်ကော်မြို့တွင်း ဝင်၊ ထွက်သွားလာနေတဲ့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေကို စစ်ဆေးကာ ဆက်ကြေးကောက်ခံလျက်ရှိတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ ရွှေနေကြာ ချန်နယ်ကနေ ဇန်နဝါရီလ ၁၉ရက်နေ့မှာ ဖြန့်ဝေထားခဲ့ပါတယ်။

လွိုင်ကော်မြို့အဝင် ငါးမြောင်းလမ်းဆုံမှာ ရောက်ရှိနေတဲ့ KNDF အဖွဲ့ဟာ ရိက္ခာလုံလောက်မှုမရှိတာကို အကြောင်းပြပြီး လွိုင်ကော်မြို့တွင်း ဝင်၊ ထွက်သွားလာလျက်ရှိတဲ့ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ပြည်သူပိုင် မော်တော်ယာဉ်၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဆက်ကြေးကောက်ခံလျက်ရှိတယ်လို့ ရေးသားထားတာပါ။

ဒါ့အပြင် ဒေသခံတွေရဲ့ပြောပြချက်အရ ပိုက်ဆံ နဲ့ လက်ဝတ်လက်စားပါရင် သိမ်းယူခံရကြောင်း၊ တချို့မှာတော့ ဖိုးဝှီးကားနဲ့ ပစ္စည်းသွားသယ်တာ စစ်ကြောင်းမှာသုံးဖို့ ဆိုပြီး ကားသိမ်းသွားတာရှိကြောင်း၊ ၎င်းအဖွဲ့ဟာ ဒီးမော့ဆိုဖက်ကနေ လာတဲ့အဖွဲ့ဖြစ်ကြောင်း ဆိုပြီး ရေးသားထားပါတယ်။

ရွှေနေကြာရဲ့ ရေးသားဖြန့်ဝေမှု အပြည့်အစုံကို https://t.me/shwenaykyar/53583 မှာ ကြည့်ပါ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ဖြန့်တဲ့သတင်းနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာ သတင်းတု တစ်ခုသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အကြောင်းအရာကို လေ့လာကြည့်တဲ့အခါ စစ်ကောင်စီရဲ့ သတင်းအမှားမှာ အသုံးပြုထားတဲ့ပုံတွေဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကနေ (၁၁.၁၁) စစ်ဆင်ရေးအတွင်း တပ်ရင်းအမှတ် – ၅ ရဲဘော်တွေရဲ့ လှုပ်ရှားမှုပုံရိပ်အချို့ ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်နေ့၊ မွန်းလွဲပိုင်းအချိန်မှာ ဖေ့ဘွတ်လူမှုစာမျက်နှာမှာ တင်ထားတဲ့ ဓါတ်ပုံတွေကို ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ပြည်သူပိုင်ပစ္စည်းကို သိမ်းယူတာ၊ ဆက်ကြေးကောက်တာမျိုး မဟုတ်တာကို လေ့လာတွေ့ရှိရပါတယ်။

KNDF ဖော်ပြထားတဲ့ အပြည့်အစုံကို https://www.facebook.com/KNDFb5?mibextid=ZbWKwL ကြည့်ပါ။

ဝါဒဖြန့်တယ်လီဂရမ်ကနေ Subscribers 7563 ရှိတဲ့ ရွှေနေကြာချန်နယ်က ဇန်နဝါရီလ ၁၉ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ပြီး Like – 15 ၊ View – 10K ရှိပြီး Subscribers လေးသောင်းနီးပါးရှိတဲ့ Snow Queen တယ်လီဂရမ်ချန်နယ်ကနေ ထပ်ဆင့် ဖြန့်ဝေထားတာလည်း ရှိပါတယ်။

သတင်းအကြောင်းအရာကို လေ့လာကြည့်တဲ့အခါ ဓာတ်ပုံနဲ့ အကြောင်းအရာတွေဟာ ဆက်စပ်မှုမရှိဘဲ ဒေသခံတွေနဲ့ KNDF အကြား အထင်မြင်၊ လွဲမှားစေနိုင်တာကို တွေ့ရပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အထင်အမြင်လွဲမှားအောင် ဓာတ်ပုံဖြစ်စေ၊ အကြောင်းအရာဖြစ်စေ ဆက်တိုက်ဖြန့်ဝေလျက်ရှိနေတာကို တွေ့ရှိရပါတယ်။

fackcheck / #သတင်းတု သတင်းမှား

spot_img
spot_img

Recent posts