spot_imgspot_imgspot_imgspot_img
Wednesday, March 19, 2025
spot_imgspot_imgspot_imgspot_img

KNDF ဗျူဟာ အမှတ် (၇) ကို တပ်ရင်း ၄ ရင်း နဲ့ ဖွဲ့စည်းထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော် နဲ့ ဒီးမော့ဆို မြို့နယ်အတွင်းမှာ အခြေပြုပြီး စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ KNDF ရဲ့ ဗျူဟာအမှတ် (၇)ကို တပ်ရင်း ၄ ရင်း နဲ့ ဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ ဗျူဟာ (၇) ကတော့ တပ်ရင်း ၄ရင်းနဲ့ ဖွဲ့တာပေါ့လေနော်။ တပ်ရင်း ၄ရင်းက တပ်ရင်း ၂၅၊ ၂၆၊ ၂၇၊ ၂၈ ဒီ ၄ရင်း ဖြစ်ပါတယ်။ ဗျူဟာမဖွဲ့စည်းခင်ကတည်း မကြေငြာခင်ကတည်းက ကျနော်တို့ လွိုင်ကော်ဒေသကို အခြေပြုပြီးတော့မှ ဖွဲ့တာ။ လွိုင်ကော် ဒေသကိုပိုပြီး အခြေချပြီးတော့ လွိုင်ကော် ဒီးမော့ဆို ပေါ့လေနော်။ လွိုင်ကော် ဒီးမော့ဆို အဆက်တွေပေ့ါနော်။ အဲ့နေရာတွေမှာ ပိုပြီးလှုပ်ရှားဖို့ ကျနော်တို့ ဖွဲ့စည်းတဲ့တပ်ရင်းတွေဖြစ်တယ်။ ဗျူဟာတွေဖြစ်တယ်ပေါ့နော်။”လို့ KNDF ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

လွိုင်ကော်မြို့ကို ထိန်းချုပ်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ဗျူဟာအမှတ် (၇)ကို ဖွဲ့စည်းပြီး တပ်သားသစ်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဗျူဟာအမှတ် (၇) ကို ဝင်ရောက်လာတဲ့ တပ်သားသစ် ၅၀၀ ကျော်ရှိပြီး သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်သွားခဲ့ကြပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဗျူဟာ (၇)ခု ထိ ဖွဲ့စည်းထားသလို ဗျူဟာအမှတ်(၈)ကိုလည်း ထပ်မံဖွဲ့စည်းသွားဖို့ ရှိတယ်လို့ မာဝီက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဗျူဟာ (၇) ခု၊ တပ်ရင်းပေါင်း ၂၇ ရင်း ရှိတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“KNDF မှာက ၁ ကနေ ၂၈ထိ ရှိပါတယ်။ ၁၃တော့ မရှိဘူးပေါ့နော်။ ဆိုတော့ B0-1 ကနေ B-28ထိရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ ဗျူဟာကတော့အားလုံးပေါင်း ၇ခုဖြစ်ပါတယ်။ ၁ ကနေ ၇ခုထိရှိပါတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။

KNDF မှာ တာဝန်ထမ်းဆောင်တဲ့ တပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်တစ်ခုတည်းမဟုတ်ဘဲ ရုံးပိုင်း၊ ဆေးပိုင်း၊ ထောက်ပို့ပိုင်း နဲ့ တခြားသော ကဏ္ဍတွေမှာ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts