spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF ရဲ့ ဗျူဟာ အမှတ် (၇ ) အပတ်စဉ် (၁) အခြေခံ စစ်သင်တန်း မှာ ရဲဘော် ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ ပြုပ်လုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း တစ်နေရာမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၇) ရဲ့ အပတ်စဉ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို ဒီနေ့ ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

အဆိုပါ စစ်သင်တန်းကို တစ်လတာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်းက ရဲဘော်တွေနဲ့ ရှမ်းပြည်တောင်ပိုင်းက ရဲဘော် ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိတက်ရောက်နေတဲ့ သင်တန်းသူ/သားတွေဟာ ဗျူဟာ အမှတ် (၇) ရဲ့ စစ်ရေးနယ်မြေမှာ ပါဝင်လှုပ်ရှားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သင်တန်းတက်ရောက်သူတွေဟာ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဆေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ နဲ့ ၊ ထောက်ပို့တပ်ဖွဲ့ တွေမှာ ပါဝင်သွားမှာဖြစ်တယ်လို့ KNDFရဲ့ စစ်ရေးချုပ် ခူးရီဒူ က ပြောပါတယ်။

“သူတို့တွေက ဗျူဟာ ၇ သတ်မှတ်ထားတဲ့ နယ်မြေကိုပဲ သွားလာလှုပ်ရှားကြမှာ ဖြစ်တယ်လေနော်။ နောက် ဒီ သင်တန်းသူ/သား ၅၀၀ ကျော် ထဲမှာမှ တိုက်ခိုက်ရေးကို သွားမယ်သူတွေ တစ်ချို့ရှိပါတယ်။ ဆေးတပ်ဖွဲ့တွေ သွားတဲ့သူတွေရှိမယ်။ ထောက်ပို့ သွားမယ်သူတွေ ရှိတာပေါ့။ ပြီးတော့ အားလုံးနဲ့ ကျနော်တို့က အသစ်အသစ်နဲ့ ဖွဲ့စည်းပုံနဲ့ ပြန်ပြီး သွားရမှာ ဖြစ်တယ်” လို့ ခူးရီးဒူက ပြောပါတယ်။

လက်ရှိ အခြေခံ စစ်သင်တန်းဆင်းပွဲမှာ သင်တန်းသူ/သား စုစုပေါင်း ၅၁၂ ဦးသင်တန်းဆင်းခဲ့တာဖြစ်ပြီး မိဘပြည်သူတွေနဲ့ တပ်ဗိုလ်၊ တပ်မှူးတွေ က သင်တန်းဆင်းပွဲ ကို တက်ရောက်လာခဲ့ကြပါတယ်။

စစ်ဗျူဟာ အမှတ် (၇) ဟာ KNDF က တိုးချဲ့ဖွဲ့စည်းထားတဲ့ ဗျူဟာအသစ် တစ်ခု ဖြစ်ပါတယ်။

spot_img
spot_img

Recent posts