spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF သုံးနှစ်ပြည့်နေ့မှာ တပ်ဖွဲ့ဝင်များရဲ့ စကားသံများ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ KNDF သုံးနှစ်ပြည့်နေ့မှာ ရင်တွင်း စကားသံများ၊ မျှော်လင့်ချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

မိထော် ( KNDF အမှတ် (၄) ဗျူဟာ၊ ထောက်ပို့ရဲမေ)
KNDF က ဖွဲ့စည်းလာခဲ့တာ ၃ နှစ်ပြည့်သွားပြီပေါ့နော။ ဆက်လက်ပြီးတော့ ရှေ့ဆက်မှာလည်း ပြည်သူကချစ်တဲ့၊ ပြည်သူကလေးစားရတဲ့၊ ပြည်သူရဲ့ကောင်းစားရေးကိုသာ ဦးစားပေးပြီးလုပ်တဲ့ တပ်တစ်ခုအနေနဲ့ တည်ရှိစေချင်ပါတယ်။ မျှော်လင့်ချက်ကတော့ ဒီတပ်ဖွဲ့ထဲကိုစဝင်လာသလိုဘဲပေါ့နော ဒီစစ်အာဏာရှင်ကျဆုံးပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့ထိတော့ တိုက်ပွဲဝင်သွားမယ်ပေါ့နော။ ဒီနေ့ဒီအချိန်အထိ KNDF ဆိုတာ ၃ နှစ်ပြည့်တဲ့အထိ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော။ဒါဟာ ပြည်သူတွေရဲ့ support ပေးမှုကြောင့်ဖြစ်တယ်ပေါ့နော။ ဒီလိုဘဲ ရှေ့ဆက်ရပ်တည်နိုင်ဖို့လည်း ပြည်သူတွေရဲ့ support ပေးမှုဆိုတာ လိုတယ်ပေါ့နော။ ဒါကြောင့်မလို့ ရှေ့ဆက်မှာလည်း ကျနော်တို့နဲ့ ဆက်အားတင်းထားပေးပါ။ ဒီအရေးအခင်းကြီးပြီးသွားတဲ့အချိန်ထိ အတူရှိကြပြီး အတူတိုက်ပွဲဝင်သွားကြမယ်ပေါ့နော။

မိုက်ကယ် ( KNDF တပ်ရင်း (၇) ၊ ရုံးအုပ်)
ကျနော့်တစ်ယောက်အနေနဲ့ဆို KNDF က အရင်တုန်းကနေ အခုအထိ အတိုင်းအတာတစ်ခုထိ တိုးတက်လာတယ်ပေါ့နော။ သက်ဆိုင်ရာလူကြီးတွေ၊ ရဲဘော်အားလုံးရဲ့ ကြိုးစားမှု၊ ပြည်သူလူထုရဲ့ဝိုင်းဝန်းကူညီမှုကြောင့် ကျနော်တို့ ယနေ့ထိရပ်တည်နိုင်တယ်ပေါ့။ အရင်ကထက်စာရင်လည်း ပိုတိုးတက်လာတယ်။ အဲ့လိုဘဲမြင်တယ်ပေါ့နော။ မျှော်လင့်ထားတာကတော့ ထွေထွေထူးထူးမရှိပါဘူး။ အများရဲ့မျှော်လင့်ချက်နည်းတူပါဘဲ။ ကျနော်တို့ ဒီအရေးအခင်းကြီးအမြန်ဆုံးပြီးစေချင်တယ် ကျနော်တို့လည်း ကျနော်တို့မိသားစုနဲ့ ကျနော်တို့နေချင်တယ် ဒီလောက်ပါဘဲ။ ပြည်သူလူထုတွေကို ဘာပြောချင်လဲဆိုတော့ သည်းခံလက်စနဲ့ ဆက်လက်သည်းခံပေးကြပါ တောင့်ခံပေးကြပါ။ သက်ဆိုင်ရာဘက်ကနေ နိုင်ရာဝန်ကိုဘဲ ဝိုင်းဝန်းကူညီအားဖြည့်ကြပါ။ ဒီလောက်ဘဲပြောချင်ပါတယ်။

ပလဲဖော (KNDF ဗျုဟာ အမှတ် (၄) ၊ ဒုရုံးဦးစီးမှူး)
ကျမတို့ စစ်အာဏာရှင်ကိုတိုက်ခဲ့တာ အချိန်အတိုင်းအတာတစ်ခု ၃ နှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်တယ်။ ကျမတို့က ကိုယ်စရွေးခဲ့တဲ့လမ်း၊ ကိုယ်စလျှောက်ခဲ့တဲ့လမ်းကနေစပြီးတော့ အခုဒီအချိန်အထိ ရပ်တည်ပြီးတော့ တိုက်ခိုက်နေကြတယ်။ လာမယ့်အနာဂတ်တွေ ရှေ့ဆက်လျှောက်လှမ်းရမယ့်အချိန်မှာလည်း ကျမတို့အတူတကွ ထပ်ပြီးတော့ စစ်အာဏာရှင်ကို တွန်းလှန်သွားကြမယ်ပေါ့နော။ ကျမတို့ ဒီ ၃ နှစ်အတွင်းမှာ အများကြီးတော့ ပေးဆပ်လိုက်ရပြီပေါ့နော။ ကျမတို့ လူအားဖြင့်သော်လည်းကောင်း၊ ငွေအားဖြင့်သော်လည်းကောင်း၊ ပြည်သူတွေနဲ့သော် လည်းကောင်း၊ ကျမတို့အများကြီးပေးဆပ်ခဲ့ရပြီဖြစ်တယ်။ ကျမတို့‌ရှေ့ဆက်ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီသွားတဲ့လမ်းပေါ်မှာ အများကြီးပေးဆပ်ရဦးမှာဘဲဆိုတာ ကျမတို့က အများကြီးမျှော်လည်း မျှော်လင့်ထားတယ်။ တိုးတက်မှုပိုင်း၊ ဆုတ်ယုတ်မှုပိုင်းကော ကျမတို့ အများကြီးပြင်ဆင်ထားပါတယ် စိစ်ပိုင်းဆိုင်ရာအရကောပေါ့။ ပြည်သူလူထုနဲ့ ကျမတို့ကတစ်သားထဲပေါ့နော။ ကျမတို့ပြည်သူလူထုပါမှဘဲ တော်လှန်ရေးကို ဆက်ပြီးတော့မှ တိုက်ခိုက်တွန်းလှန်နိုင်မှာပေါ့နော။ အဲ့တော့ ကျမတို့က ပြည်သူလူထုကိုပြောချင်တာက ကျမတို့နဲ့အတူရပ်တည်ပေးပါ။ ကျမတို့ကို ထောက်ပံ့ပေးပါ။ကျမတို့အတွက် ဆုတောင်းပေးပါလို့ဘဲ အဓိကပြောချင်ပါတယ်။

အင်ဒရူး ( KNDFတပ်ရင်း (၇)၊ ဒုတပ်ခွဲမှူး)
ကျနော်တို့တော်လှန်ရေးလုပ်လာတာလည်း ၃ နှစ်ရှိခဲ့ပြီဆိုတော့ တော်လှန်ရေးကာလလည်း အဓွန့်ရှည်သွားပြီပေါ့နော။ ကျနော်တို့စလုပ်တုန်းကဆို လက်လုပ်သေနတ်တွေနဲ့ဘဲ လုပ်နေကြတယ်။ အခုတော့ တော်တော်တော့ အားရစရာတွေတော့ ရှိခဲ့ပြီပေါ့နော။ လူတိုင်း တစ်ယောက်တစ်လက်သေနတ်တွေလည်း ကိုင်နိုင်ကြတယ်။ လက်နက်ဆိုလည်း အကြီးအငယ် အများကြီးရှိလာပြီပေါ့နော။ တော်တော်တော့ အားတက်စရာဖြစ်တာပေါ့နော ကျနော်တို့ KNDF မှာပေါ့နော။ ဒီ ၃ နှစ်တာကာလအတွင်းမှာ ပေးဆပ်မှုတွေတော့ အများကြီးရှိခဲ့ပါတယ်။ ဒီထက်လည်းပေးဆပ်ရဦးမှာဘဲ တော်လှန်ရေး မပြီးသ၍ ကျနော်တို့ဆက်လုပ်ရဦးမယ်။ ကျေနပ်အားရတဲ့အချိန်တွေရှိသလို စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ဆက်ကြိုးစားသွားမယ်။ ကျနော်တို့လူငယ်တွေမှာတော့ မျှော်လင့်ချက်ဆိုတာတော့ အကုန်လုံးနီးနီး တစ်သားထဲသွားတာဘဲလေ တော်လှန်ရေးကာလမှာ ဘာလို့ ဒီတော်လှန်ရေးလုပ်လဲဆိုတော့ ကျနော်တို့လူငယ်တွေရဲ့အဖြေက တစ်ခွန်းထဲဘဲထွက်မှာဘဲ ။ ဒီစစ်အာဏာရှင်စနစ်ကို မကြိုက်လို့ပေါ့နော။ ဒီကာလမှာ ကျနော်တို့ခေတ်လည်း ရောက်နေပြီ ကျနော်တို့မလုပ်လို့ မဖြစ်တဲ့အခြေအနေမလို့ ကျနော်တို့လုပ်ခဲ့တယ်။ ကျနော်တို့ရှေ့ဆက်ပြီးလည်း ဒီအလုပ်ကို ကျနော်တို့ဆက်လုပ်သွားမယ်ပေါ့နော။ ကျနော်တို့အနေနဲ့ ဒီတော်လှန်ရေးစလုပ်ကတည်းက ပြည်သူကိုဘဲအားကိုးတယ်။ ပြည်သူကိုဘဲ အားထားတယ်ပေါ့နော။ ကျနော်တို့စားတဲ့ထမင်းတစ်လုပ်ကအစ ကျနော်တို့ပြည်သူတွေကိုအားကိုးတယ်။ ကျနော်တို့ အလှူခံတယ်။ ရတဲ့ပိုက်ဆံတွေကို ကျနော်တို့ လက်နက်စုဆောင်းတယ်၊ ကျည်တွေဝယ်တယ်။ စားနပ်ရိက္ခာကအစ ပြည်သူဆီကဘဲ စီးဆင်းတာဆိုတော့ ပြည်သူတွေကိုလေးစားတယ် ကျနော်တို့အနေနဲ့ပေါ့နော။ ပြည်သူတွေလည်း ကျနော်တို့ကို ဆက်လက်ပြီးတော့ ထောက်ပံ့ပေးပါ။ နားလည်မှုအပြည့်နဲ့ ကျနော်တို့ဘက်ကနေ အမြဲတမ်းရပ်တည်ပေးပါ လို့ပြောချင်ပါတယ်။

ဆာဗင်းရီယို ( KNDF တပ်ရင်း (၄) )
၃ နှစ်ပြည့်လာပြီဆိုတော့ ပြောချင်တာက အစကနေ ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်သူလူထုတွေကော၊ အဘက်ဘက် ကနေ တတ်နိုင်သမျှပါဝင်ကြတဲ့ လူထုတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အစကနေ အခုချိန် ၃ နှစ်ပြည့်တဲ့အထိပါဝင်ကြတဲ့ ရဲဘော်၊ ရဲမေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားရမယ့်အရာတွေကိုလည်း ကျနော်တို့ဘက်ကနေ တတ်နိုင်သမျှဆက်လုပ်သွားဖို့ ပြောချင်ပါတယ်။ ပြည်သူလူထုတွေကိုတော့ ကျနော်တို့နဲ့အတူ ကြိုးစားကြမယ်။ ရုန်းကန်ကြမယ်။ ဒီတော်လှန်ရေးပြီးတော့မှာမလို့ပေါ့နော။ တူတူရုန်းကန်ကြမယ်။ ကြိုးစားကြမယ်။ အားထုတ်ကြမယ်ပေါ့နော။

spot_img
spot_img