spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPLF ဌာနချုပ်ရှိတဲ့ ဟိုစဲ့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီက ကရင်နီပြည် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဌာနချုပ်ရှိရာ ဟိုစဲ့ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘောလုံးကွင်း ပျက်စီးခဲ့ရသလို အခြားသော ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ဟိုစဲ့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၇ ရက် စနေနေ့ကပေါ့ ၆ လုံး အတွဲလိုက် ကျဲသွားတာပါ။ စစ်ရေးအခြေနေတော့ ပြင်းထန်နေတယ် ထိခိုက်ပျက်စီးမှုတော့ အနည်းငယ် ရှိပါတယ်။ လောလောဆယ်တော့ ပန်တိန်း မှာ အရမ်းပြင်းထန်နေတယ် စစ်ကောင်စီဖက်က ရဟတ်ယဉ်တွေ လာရောက်ပစ်ခတ်တယ် လေယာဉ်ဗုံးကို တစ်နေ့ကို ၅ ခါ ထက် မနည်း လာကျဲတယ်။ တစ်ခါကျဲရင် ၆ လုံး။ အတွဲလိုက်ကို ကျဲတာ။ ကင်းထောက် လေယာဉ်တော့ ရက်တိုင်းကို ဝဲတယ်။ မလာတဲ့ရက်ကို မရှိဘူး။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ဘောလုံးကွင်းနဲ့ KNPLF ရဲ့ ဌာနချုပ်ဟာ မီတာ သုံးရာ ဝန်းကျင် အကွာအဝေးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘောလုံးကွင်းနဲ့ ဌာနချုပ်နေရာအကြားမှာ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာက လူနေအိမ်တွေဟာလည်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မယ်စဲ့မြို့ပေါ်က ဒေသခံတွေအပါအဝင် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့ကနေ စစ်လာရှောင်ကြတဲ့ လူထု ၅ ထောင်ကျော်ဟာ ထိုင်းနိုင်ငံအတွင်းနဲ့ နယ်စပ်တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီလေယာဉ်ဗုံးကျဲမှုကြောင့် ပျက်စီးသွားတဲ့ ဟိုစဲ့ က မြင်ကွင်းတချို့

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လက်ရှိမှာလည်း မယ်စဲ့မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးတာဝန်ရှိသူတွေ က ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts