spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP တပ်ဖွဲ့ဝင် သေဆုံးမှု အမှန်တရားပေါ်ပေါက်ရေး ဆောင်ရွက်ချက်ကို စောင့်ကြည့်စေလိုဟု ကယားဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌပြော 

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အရပ်သားတစ်ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးမှုကိစ္စ အမှန်တရားပေါ် ပေါက်ရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ကြိုးစားနေပြီး တရားမျှတမှုအတွက် ရလဒ်များထွက်ပေါ်လာလိမ့်မည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက်က လွိုင်ကော်၌ ကျင်းပသော ကယားပြည်နယ်နေ့ အခမ်းအနားအပြီး ဒီဇင်ဘာအတွင်း KNPP တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေမှုအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ကန္တရဝတီတိုင်း(မ်)သို့ ပြောကြားခဲ့သည်။

‘‘ဒါတပ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NRPC ကနေကာကွယ်ရေးကို ပို့လိုက်ပြီလေ။ သူ တို့ စုံခုံဖွဲ့ပြီးမှ ဒါကို စိစစ်နေတာ ပဲ။ သူတို့လည်း အကောင်းဆုံး လုပ်မယ်ပြောထားတာ ဖြစ်တဲ့အ တွက်ကြောင့် အမှန်တရားက ထွက်ပေါ်လာမှာပေါ့’’ဟု ဝန်ကြီးချုပ်က ပြောသည်။

တပ်မတော်ယာဉ်တန်းကိုတားဆီးမှုနှင့်ပတ်သက်ပြီး လွိုင် ကော်နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီကင်းစခန်းရှိ တပ်ဖွဲ့ဝင်သုံး ဦးနှင့် အရပ်သားတစ်ဦးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ဒီဇင်ဘာ ၂ဝ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စကို အလေးထားပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံ KNPP က ထပ်မံတောင်းဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တင်ပြသည့် စာတစ်စောင်ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက NRPC သို့ KNPP က တင်ပြပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

KNPP တပ်ဖွဲ့ဝင်များ သေ ဆုံးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်နေခြင်းကြောင့် အရပ်ဘက်က စစ်ဆေးမရ၍ တပ်မတော်၏ စုံစမ်းစစ်ဆေးမှုကို စောင့်ကြည့်စေချင်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ဆိုသည်။

‘‘စောင့်ကြည့်စေချင်တယ် ပြီးမှ အမှန်တရားမပေါ်လာဘူးဆိုတဲ့အခါကျမှ၊ တစ်နည်းတစ်ဖုံပေါ့။ အမှန်တရားလမ်းကြောင်း ရောက်အောင် ကျွန်တော်တို့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပြည်သူရယ်၊ ခုန အသင်းအဖွဲ့အကုန်လုံး ပူးပေါင်းပြီးမှ လုပ်လာမယ်ဆိုလို့ရှိရင်တော့ တစ်နည်းတစ်ဖုံပြောင်း သွားနိုင်တယ်လို့ ကျွန်တော်တော့ မြင်ထားပါတယ်။ ဒီအချိန်မှာ တော့ တစ်ယောက်နဲ့တစ်ယောက် ကို အပြစ်မရှာဘဲနဲ့ သူတို့လုပ်ဆောင်ချက်ကို အပြုသဘောနဲ့ စောင့်ကြည့်စေချင်ပါတယ်’’ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုကို တပ်မတော်ဖက်မှ ကနဦး စုံစမ်းစစ်ဆေးမှုအား ယခင်လ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဒကစ-ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၌ ခုံရုံးဖွဲ့ပြီး ကနဦး စတင်စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၎င်းခုံရုံးဖွဲ့ စစ်ဆေးမှုအား နေပြည်တော်မှ တပ်မတော်တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုကို KNPP တာဝန်ရှိသူများမှ ဖြစ်စဉ်များကို သွားရောက် ထွက်ဆိုပေးထားပြီဖြစ်သော်လည်း အတည်ပြုလျက်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဆက်ဆံရေးရုံး(လွိုင်ကော်)၏ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောကြားထားသည်။

ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုအား အစိုးရ၏ တာဝန်ယူဖြေရှင်းပေးမှုနှင့် သတင်းအချက်အလက် ထုတ်ပြန်အသိပေးခြင်း နှေးကွေးနေမှုအပေါ် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများမှ ဝေဖန်နေလျှက်ရှိသည်။

ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဖေါ်ထုတ်ပေးရန် တောင်းဆိုခဲ့သည့် လူငယ် ၅ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ယခုလ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးမှ ငွေဒဏ် ၃ သောင်းချမှတ်သော်လည်း တရာစွဲခံလူငယ်များမှ လက်မခံ၍ ငွေဒဏ်အစား ထောင်ဒဏ် ရက် ၂ဝ ကျခံခဲ့သည်။

ထို့အပြင် အဆိုပါ လူငယ် ၅ ဦးအား ဇန်နဝါရီ ၅ ရက်နေ့တွင် တရားရုံးသို့ စီတန်းလှည့်လည်လိုက်ပါပို့ဆောင်ပေးရာတွင် ဦးဆောင်ခဲ့သည် လူ ၃ ဦးကိုလည်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တရားရုံးက ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts