spot_img
Sunday, April 2, 2023
spot_img

KNPP ထိန်းချုပ်နယ်မြေထဲကို ခိုလှုံလာသူ သုံးထောင် ခန့်ရှိလာ

spot_imgspot_imgspot_imgspot_img
(KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲကို လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်နေရာတခု

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းကာ နယ်မြေကျုးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူတွေ အများအပြား ရှိလာခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူထုတွေထဲမှာမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲကို လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးထောင်ခန့် ရှိပြီလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှုး – ၂ ဦးဆောင်ဆန်းမြင့်က ပြောပါတယ်။

“ ခန့်မှန်းခြေပြောရရင်တော့ ထိန်းချုပ်နယ်မြေဆိုတာကတော့ IDP ကတော့ နယ်စပ်မှာလည်းရှိတယ် အနောက်ဖက်ကမ်း သံလွင်မဖြတ်သေးတဲ့နေရာမှာလည်းရှိတယ်လေ။ အားလုံးဆိုရင်တော့ အရင်တုန်းက ဆိုးဆိုးဝါးဝါးဖြစ်တဲ့အချိန်မှာ သိန်းကျော်သွားတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း အဲ့ထက်တော့မလျော့ဘူး။ ဘာလို့ဆိုရင် အရင်တုန်းက လွိုင်ကော်ဂွင်ကလည်း နည်းနည်းတည်ငြိမ်သေးတယ်လေ။ အခုနောက်ပိုင်း လွိုင်ကော်ကရွာတွေ တော်တော်ပြန်ပြေးရတယ်။ ဆိုတော့ စစ်ကောင်စီက လူထုတွေကို စစ်ဘေးရှောင်စခန်းတွေကို သွားပြီး အိမ်ပြန်နေဖို့ပြောပေမယ့်လည်း တချို့တလေလောက်ပဲရှိတယ်။ များတဲ့သူတွေကတော့ သူတို့ တောထဲမှာပဲ နေတဲ့နေရာမှာပဲပြန်နေတာရှိတယ်။ တခြားကျေးရွာတွေမှာပြန်ပြီး ခိုလှုံနေတာတွေရှိတယ်။ အဲ့လိုတိမ်းရှောင်နေတာတွေရှိတယ်။ အဲ့ဒါကတော့ နကိုယ်အတိုင်းပဲ သို့သော် ဒီဖက်ကိုကူးလာတဲ့သူတွေနဲ့ ကျတော်တို့နယ်မြေထဲကို ရောက်နေတဲ့သူတွေကတော့ ၃ထောင်လောက်တော့ရှိမယ်ထင်တယ်။ ခန့်မှန်းခြေပေါ့ ဒီမှာရှိတဲ့ နယ်စပ်တစ်ခုထဲမဟုတ်ဘူး။ အခုတာဝန်ယူပြီး လုပ်နေတဲ့ဟာတွေပေါ့နော။” လို့ KNPP အတွင်းရေးမှုး – ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစုပါဝင်တယ်လို့ သိရပါတယ်။ အများစုမှာ အစားအစာ၊ မိုးကာ၊ စောင်၊ ဆေးဝါး စတာတွေ လိုအပ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွာတွေထဲအထိ လာပြီး နေရာယူထားတာတွေ၊ တောင်ယာထဲက တဲတွေထဲအထိကို လာပြီး ဝိုင်းထားတာတွေ လုပ်တဲ့အတွက် ကျေးရွာအတွင်းမှာသော်လည်းကောင်း၊ ကျေးရွာအနီးဝန်းကျင်မှာသော်လည်းကောင်း မနေရဲတော့တဲ့အတွက် KNPP နယ်မြေထဲအထိကို လာရောက်ခိုလှုံလာခြင်းဖြစ်တယ်လို့
လာရောက်ခိုလှုံနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

(KNPP) ရဲ့ ထိန်းချုပ်နယ်မြေထဲကို လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်နေရာတခု

“ ကျမတို့ ရွာမှာ မနေရဲတော့ဘူး။ စစ်သားတွေ ရွာထဲအများကြီး ဝင်လာပြီး ရွာကို ဝိုင်းထားတယ်။ ရွာပတ်ပတ်လည်မှာ သူတို့ပဲ နေတယ်။ ကျမတို့ အရမ်းကြောက်လို့ ကျမတို့ ရွာမှာ မနေရဲတော့လို့ ဒီအထိ ရောက်လာတာ။ ဆန်စပါးလည်း ကျမတို့ သွားဖွက်ထားရင်လည်း သူတို့ အကုန်တွေ့တယ်လေ။ ကျမတို့ သွားလည်း မယူစားရဲတော့ဘူး။ မသေအောင်လို့ ဒီနေရာအထိ ပြေးလာရတာပဲ။ ကျမတို့ ရွာမှာ နေလို့ ရသေးရင် မသွားဘူး။ ကျမတို့ကို အမြဲတမ်း နှိပ်စက်ခဲ့ပြီလေ။ သူတို့(စစ်သား) လာရင်လည်း သေနတ်တကားကားနဲ့ မကဘူး။ လက်ထဲမှာ အလုံးတွေကိုင်ထားသေးတယ်။ ကျမတို့ တောင်ယာတွေထဲမှာ တဲသွားထိုးပြီးနေရင် သူတို့ ပတ်လည်ဝိုင်းထားတယ်။ ကျမတို့ အရမ်းကြောက်တယ်။” လို့ သူမက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ တစ်သိန်းကျော်အထိ ရှိလာခဲ့ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...