spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KRU တပ်ပေါင်းစုကနေ KGZ ဘာကြောင့်နှုတ်ထွက်သလဲ။ (အင်တာဗျူး)

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစု ၆ ခုဖြစ်တဲ့ KGZ ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ JPDF၊ GZ-21 ( Loikaw )၊ Medic Unit ၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလ ၆ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကရင်နီပြည်မှာရှိတဲ့ Karenni Generation Z ( KGZ ) Volunteer Fighters အဖွဲ့ဟာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဖြစ်တဲ့ ( KRU ) ကနေ နှုတ်ထွက်လိုက်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နှုတ်ထွက်လိုက်ရခြင်းနဲ့ ပတ်သက်ပြီး KGZတာဝန်ရှိသူတစ်ဦးနဲ့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ KGZ အဖွဲ့ ဘယ်အချိန်ကစတင်ပြီး ဖွဲ့စည်းခဲ့တာလဲ။ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ KGZ ဖွဲ့တာကတော့ မေလ ၂၆ရက်နေ့က စတင်ဖွဲ့စည်းဖြစ်တယ်။ ပြီးတော့ ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကလည်း အာဏာရှင်ကို မကြိုက်လို့ သူတို့က ကျနော်တို့နယ်မြေကို ဝင်ရောက်ပြီးတော့မှပဲ စော်ကားတာတွေရှိတယ် အဲ့တာလေးတွေကြောင့်ပဲ။ ကျနော်တို့ မခံချင်စိတ်တွေ ရှိနေလို့ပဲ။ အဲ့ဒီတုန်းကတော့ CRPH တော့ ရှိနေပြီ NUG ကတော့ အမှုန်အမွှားလေးပဲ အဲ့တုန်းက စတက်ခါစ သူ (NUG) က နုနုနယ်နယ်လေးပဲ ရှိနေသေးတဲ့အချိန်မှာ ကျနော်တို့ကလည်း သူတို့နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်တယ်။ ပြုလုပ်ပြီးတော့မှပဲ နောက်ပြီးတော့မှ လုံးလုံးလျားလျားတော့ အဆင်မပြေပါဘူး။ ဒါတွေက နောက်ပိုင်းတော့ အရင်ဆုံးချိတ်တယ်။ ကျနော်တို့ အဖွဲ့ဖွဲ့တုန်းက ဒါပေမယ့် အဆင်မပြေပဲနဲ့ ကျနော်တို့ ဒီအဖွဲ့ဖွဲ့ပြီးတော့မှ ကျနော်တို့ Volunteer အနေနဲ့ တပ်ဖွဲ့ကို ၂၆ရက်နေ့မှာ ကျနော်တို့ ထုတ်ပြန်တယ်။

ဓါတ်ပုံ – KGZ

မေး။ ။KGZ ရဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါအုံး။

ဖြေ။ ။ကျနော်တို့ရဲ့ အခြေခံမူနဲ့ ပတ်သက်ပြီးတော့ ဒီနောက်ဆုံး နံပါတ် ၄နဲ့ နံပါတ် ၅ကို အသားပေးတယ်ပေါ့နော။ ၄၊၅ ခုကျတော့ လုံးဝ လုံးဝ ပတ်သက်ဆက်နွယ်မှုမရှိတော့ဘူး။ ဒီတော်လှန်ရေး အလွန်ပြီးရင်ပေါ့။ ဒီပြည်နယ်မှာ ကျနော်တို့တပ်ပေါင်းစုဆိုတာကလည်း ကရင်နီဆိုတာက တိုင်းရင်းသားပေါင်းစုံဖွဲ့စည်းထားတာလေ။ ဒီအခုတိုင်းရင်းသားထဲကနေ သုံးလေးငါးမျိုးပေါင်းပြီးတော့ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီကရင်နီရဲ့ နာမည်တွေ ဂုဏ်သိက္ခာတွေ ကျဆင်းမယ့် လုပ်ရပ်တွေကို လုပ်မှာမဟုတ်ဘူးပေါ့နော။ နံပါတ် ၄အချက်အနေနဲ့ပေါ့နော။ ဒီနံပါတ်၅အချက်က ခုနကပြောတဲ့ ဒီနယ်မြေအာဏာတွေရရှိပြီးတဲ့နောက် သူတို့က သူတို့အစီအစဉ်သူတို့လုပ်မယ်။ သူတို့လုပ်ပြီးသွားလို့ရှိရင် ကျနော်တို့က စောင့်ကြည့်နေတဲ့ သဘောမှာပဲ ရှိရမှာ။ ဒီတော်လှန်ရေးပြီးသွားလို့ အိုးအိမ်တွေဘာတွေ ပြန်လည်ထူထောင်ရေးကိစ္စတို့ဘာတို့လာမယ်ဆိုရင်တော့ ကျနော်တို့တွေကတော့ တတ်နိုင်သလောက်ပံ့ပိုးကူညီမယ်။ ပြီးတော့ ကျနော်တို့ နယ်မြေလုံခြုံစိတ်ချရတဲ့အချိန်မှာဆိုတာနဲ့ ကျနော်တို့ လက်နက်ဖျက်သိမ်းမယ့်ကိစ္စက ပြည်သူလူထုတွေက တောင်းဆိုလာရင် ကျနော်တို့က ချက်ချင်း စီစဉ်မှာဗျ။

မေး။ ။KGZ အနေနဲ့ KRU တပ်ပေါင်းစု ဖွဲ့စည်းတဲ့အချိန်မှာ ဘာကြောင့် ပါဝင်ဖြစ်ခဲ့ရတာလဲ။

ဖြေ။ ။အမှန်က ကျနော်တို့ တွေးလိုက်တာက ကျနော်တို့ တပ်ပေါင်းစု တစ်ခုလုပ်မယ်ဆိုရင် လူအင်အား၊ လက်နက်အင်အား၊ နည်းပညာ၊ ယန္တရားလည်ပတ်မှု ပိုမိုအားကောင်းလာမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့ လုပ်လိုက်တယ်ပေါ့နော။ နောက်ပိုင်း နိုင်ငံရေးတွေ မပါဘူးလို့ပဲ ကျနော်တို့စညှိနှိုင်းတုန်းက ပြောထားတယ်။

မေး။ ။KRU ဖွဲ့စည်းပြီး နှစ်လအကြာမှာပဲ ဘာကြောင့် ပြန်လည်နှုတ်ထွက်လိုက်ရတာလဲ။

ဖြေ။ ။ကိုယ့်ဟာကိုယ် အကယ်၍အစိုးရတွေထောက်ပံ့မယ်ဆိုလို့ရှိရင် ကျနော်တို့ ကိုယ့်ကိုယ်ပဲ ရပ်တည်မယ် Volunteer အနေနဲ့ပဲ ရပ်တည်မယ်။ တော်လှန်ရေးပြီးသွားရင်လည်း လက်နက်က ဖြုတ်သိမ်းဖို့စီစဉ်ထားတယ်ကော။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ အဲ့ဒီအစီအစဉ်အတိုင်းသွားမယ်ပေါ့နော။ အခု KRU နဲ့ ဆက်လက်တွဲသွားမယ်ဆိုတာက မဖြစ်နိုင်တော့ဘူးဆိုတာက နိုင်ငံရေးလမ်းစဉ်တွေ ပါလာမှာ စိုးရိမ်မှုပေါ့နော။ ဒါကြောင့်မလို့ တခြားပြဿနာတော့မရှိပါဘူး။ ဒီအတိုင်းပဲ ညှိ့နှိုင်းဆွေးနွေးရေးမှာပဲ ကျနော်တို့ နှုတ်ထွက်လိုက်တာပါ။ စစ်ရေးခါကျတော့ ကျနော်တို့ ဆက်လက်ပူးပေါင်းသွားမယ်ပေါ့နော။

မေး။ ။အခုလိုနှုတ်ထွက်သွားပေမယ့်လည်း KRU နဲ့ ဘယ်အပိုင်းတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိမလဲ။

ဖြေ။ ။အခုက မြေပြင်ပူးပေါင်းဆောင်ရွက်မှုက တိုက်ခိုက်ရေးဦးစားပေးပေါ့နော။ ကျနော်တို့က မြေပြင်တိုက်ခိုက်ရေးခါကျတော့ KRU ကလည်း ကျနော်တို့ကို အရင်လို သူတို့ခေါ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့ကို အရင်လို လက်တွဲပြီးထပ်ခေါ်ခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့က ပူးပေါင်းသွားမယ်။ သူတို့ရယ်တော့မဟုတ်ဘူး။ တခြား PDF တွေရော။ ဒီတခြားအဖွဲ့အစည်းတွေပေါ့ PDF တွေ အကုန်လုံးပေါ့။ ကျနော်တို့ကတော့ ပြည်သူ့ကာကွယ်ရေးတပ် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲသွားမယ် အဲ့ဒါတော့ ရှိပြီးသားပဲပေါ့နော။

မေး။ ။KGZ အနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိလား။

ဖြေ။ ။အဲ့လိုတော့ မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လက်လှမ်းမှီသလောက် လုပ်နေတယ်။ NUG ကလည်း သူလက်လှမ်းမှီသလောက် သူလုပ်နေတယ်လို့ ကျနော်တို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း ကျနော်တို့ကို ပေးနိုင်စွမ်းတွေလည်း လောလောဆယ် မရှိသေးဘူးလို့ ပြောရမလားပေါ့နော။ အဖွဲ့တွေက များနေတော့လေ။ ကျနော်တို့ ကိုယ်ထူကိုယ်ထ ရပ်တည်တယ်။ အကယ်၍သူတို့ ကမ်းလှမ်းခဲ့ရင် ကျနော်တို့ ဒီနိုင်ငံရေး ဝင်စွတ်ဖက်တာတွေ မပါဘူး။ ရိုးရိုးပဲ ကျနော်တို့ တိုက်ခိုက်ရေးကိုပဲ သူတို့ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင် ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ကို အဲ့လိုမျိုး ပြောလာမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ ပူးပေါင်းဖို့ အသင့်ပဲပေါ့နော။ အခုလည်း မြေပြင်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေတာပဲပေါ့နော။

ဓါတ်ပုံ – KGZ
ဓါတ်ပုံ – KGZ
ဓါတ်ပုံ – KGZ
ဓါတ်ပုံ – KGZ
spot_img
spot_img