spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KSDC ကျောင်းဆင်း ကျောင်းသူ၊သားတွေနဲ့ပတ်သက်ပြီး မိဘ၊ ဆရာတွေရဲ့ ပြောစကားများ

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ််(၁)မှာ ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း ( KSDC ) ရဲ့ ၂၂ ကြိမ်မြောက် အခြေခံသင်တန်းကျောင်း နဲ့ ၁၄ ကြိမ်မြောက် အဆင့်မြှင့် လူမှုစီမံခန့်ခွဲရေးသင်တန်းကျောင်းဆင်းပွဲကို ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

သင်တန်းကျောင်း တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသူ၊ ကျောင်းသား (၁၀၃)ဦးကို လက်မှတ်အပ်နှင်းပေးခဲ့ပါတယ်။ ကျောင်းပြီးစီးသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေ ဘာတွေမျှော်လင့်ထားလဲ၊ ကျောင်းဆင်းပွဲတက်ရောက်လာကြတဲ့ မိဘ၊ ကျောင်းဆရာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

ခူးမြာရယ် ( KSDC ကျောင်းအုပ်)
ဒီ KSDC ကျောင်းမှာအဓိကပို့ချတဲ့ဘာသာရပ်က ဘာသာရပ်ကြီးလေးရပ်ပေါ့နော အဲ့တာက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဘာသာရပ်ရယ်၊ တရားဥပဒေစိုးမိုးမှု ဆိုတဲ့ ဘာသာရပ်ရယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နဲ့ ဒီအင်္ဂလိပ်တို့ နောက်ပြီးတော့ ဒီ ကွန်ပျူတာတို့အပါအဝင်ပေါ့နော အဲ့တာအဓိက သင်ကြားတာပေါ့လေ။ အခုဒီသင်တန်းဆင်းပွဲမှာကတော့ ကျနော်တို့ အားလုံးစုစုပေါင်း ၁၀၃ ဦး ရှိတာပေါ့လေ။ တစ်ခုတော့ရှိတယ် ကျနော်တို့ KSDC ကျောင်းမှာက ဒီပရိုဂရမ်အားဖြင့်ပေါ့နော ဒီအခြေခံ Basic Course နဲ့ Advance Course ဆိုပြီးတော့ကျနော်တို့ခွဲထားတာရှိတယ်ပေါ့နော။ နောက်ဒီ Basic Course မှာကတော့ ဒီတစ်နှစ်က ကျောင်းသူကျောင်းသား ၇၃ဦး ဟို.. သင်တန်းဆင်းတာပေါ့နော။ နောက်..ကျန်တဲ့ ဒီ Advance Course ခါကျတော့ အယောက်သုံးဆယ်ပေါ့နော။ စုစုပေါင်း ၁၀၃ ဦးပေါ့နော အခုဒီ..သင်တန်းဆင်းပွဲမှာပေါ့နော ကျနော်တို့ကျောင်းမှာ အဓိကအခြေခံတာကတော့ ဒီ… ခုနပြောသွားတဲ့ဒီဘာသာရပ်တွေပေါ့နော။ အဲ့ဒီအတွေးအခေါ် နဲ့ဆိုင်တဲ့ဘာသာရပ်လေးတွေပေါ့နော ဒီ..ကျောင်းတွင်းသင်ခန်းစာအနေနဲ့ ကျနော်တို့ Basic Course ဆယ်လအနေနဲ့သင်ကြားတာပေါ့လေ။ နောက်ပြီးတော့ ဒီ Advance Course မှာလည်း ဘယ်လိုပြောမလဲဒီ.. တစ်ဆင့်တိုးအနေနဲ့ ကျနော်တို့ လူမှုရေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ပတ်သက်တဲ့ အဲ့ဒီ…စကေးလေးတွေပေါ့ အဲ့ဒါတွေကို ကျနော်တို့က အဓိကပို့ချတာပေါ့လေ အဲ့တာက Education အပိုင်းဘဲကျနော်တို့ ပိုပြီးတော့ Focus ထားတာပေါ့လေ။ ကျနော်တို့ဒီ KSDC ကျောင်းနဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ ကျနော်တို့ ဟို..အဓိကကတော့ ဒီ..နိုင်ငံရေး ပတ်သက်တဲ့ လူ့အခွင့်ရေးဆိုင် ဘာသာရပ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆိုတော့ နိုင်ငံရေးနဲ့လည်း ဆက်စပ်မှုရှိတယ် နောက်ပြီးတော့ အဓိက ခေါင်းဆောင်မှု ပညာပိုင်းနဲ့လည်းဆိုင်တယ်ပေါ့လေ။ အဲ့တော့ ဒီ Academic အဲ့ဒီ.. science တို့နဲ့ပတ်သက်တဲ့ အဲ့ဒီ..ဘာသာရပ်တွေကတော့ မပါဘူးပေါ့နော အဲ့တော့ အဓိကကတော့ ဒီလူမှုရေးပိုင်းဆိုင်ရာဘာသာရပ်တွေဘဲ အဓိကပို့ချပေးတဲ့ ပညာကျောင်းလို့လည်းပြောလို့ရတာပေါ့နော။ အဲ့တော့ ဒီဘာသာရပ်တွေစိတ်ဝင်စားခဲ့တဲ့ စိတ်ဝင်စားမယ့် ပုဂ္ဂိုလ်တွေရှိခဲ့ရင်လည်း ဆယ်တန်းအောင်တဲ့လူတွေကစပေါ့နော အဲ့ဒီမှာလာလျှောက်လို့လည်းရတာပေါ့လေ။ အဲ့တာဘဲကျနော်အားပေးချင်တာလေပေါ့နော community ကိုပေါ့နော။

ဦးစောမင်းဦး ( ကျောင်းသားမိဘ )
ကျနော့်သားအတွက် ရှေ့ဆက်မျှော်လင့်ချက်က သူ ကြိုးစားတဲ့အတိုင်းအတာအထိကို ဖြစ်မြောက်အောင် အနောက်ကနေ ကူညီမယ် စကားအားဖြင့်ကူညီမယ်။ ငွေနဲ့ပတ်သက်ရင်တော့ အားနည်းချက်ရှိတာပေါ့ အဖေ၊ အမေကလည်း အဆင်မပြေဘူးလေ။ အဆင်မပြေတော့ အားပေးမယ် တတ်နိုင်တဲ့အတိုင်းအတာကို အားပေးမယ်။ ဘာဖြစ်လဲဆိုရင် သူတို့စာတတ်မြောက်မှသာလျှင် ကိုယ့်ရဲ့ပျော်ရွှင်မှုကဖြစ်တာလေ။ စာမတတ်ရင် အားနည်းချက်ဖြစ်မှာကြောက်တယ်။ သူတို့ပညာဆုံးတဲ့အတိုင်းအတာအထိ တတ်နိုင်တဲ့အထိ ကြိုးစားစေချင်တယ်။ တတ်မြောက်စေချင်တယ်။

ဒေါ်ကူမိုး ( ကျောင်းသားမိဘ )
ကျမတစ်ယောက်အထင်ကတော့ ကျမ ဒီကလေးတွေဟာ ဒီတိုင်းပြည်အားလုံးအတွက် သူကိုတော့ ဒီတိုင်းပြည်ကို ချစ်ရတဲ့ သူဖြစ်ဖို့ ကျမ ဖြစ်စေချင်တာပေါ့နော်။ သူကြိုးစားရသလောက်တော့ ကျမက ဘုရားဆီဆုတောင်းပေးတယ်။ ဆရာ/မ တွေက အသက်ပေးပြီး အခက်ခဲတွေ အားလုံး ကျမတို့သား အစကနေ ဒီအချိန်ထိ ဆရာမတို့တွေအတွက် အခက်အခဲ ဘယ်လောက်ရှိလဲ ဆိုတာ ကျမတို့ မြင်ခဲ့ရပြီးပြီပေါ့နော်။ သူတို့လုပ်နိုင်တယ် သူတို့တွေက အသက်ပေးနိုင်တယ် ကျမတို့ သားမြေးတွေအတွက် ကျမ သား/ သမီးအတွက် သူငယ်ချင်းအားလုံးအတွက်ပေါ့နော် ဆရာမတွေ အားလုံးကို ကျေးဇူးတင်တယ် ရှေ့ဆက်မှာ သူဆက်လက်ပညာ ဆည်းပူးနိုင်အောင် ဆရာ/မတို့ကို တောင်းဆိုချင်တာက ပြီးဆုံးတဲ့အထိ တက်ပြီး တိုင်းပြည်အတွက် အကျိုးပြုနိုင်ရန်အတွက်နဲ့ ကိုယ့်ကရင်နီ လူမျိုးအတွက် အကျိုးပြုနိုင်အောင်ပေါ့နော်။ ဘယ်လောက်ပျော်လဲ ပြောမတတ်ဘူးပေါ့နော် ကျမက ဆရာ/မတွေကို ကျေးဇူးတင်ချင်တယ်။

ဦးငါးရယ် ( ကျောင်းသားမိဘ )
ဘယ်လိုမျိုးပြောရမလဲဆိုရင် စိတ်ထဲမှာတော့ ဝမ်းသာပါတယ်။ အဲ့ဒီလိုမျိုး တစ်မျိုးတစ်မျိုးတော့ ဖြစ်လာတယ် ကျနော်တွေ့ရတော့ ဝမ်းသာပါတယ် ဒီထက်လမ်း သူ့အတွက်တော့ ဆက်လက်ပြီးသူ့ကိုကြိုးစားခိုင်းစေချင်တယ် ကျနော်အနေနဲ့ကတော့ ဟိုစာ.. ဒီမှာလည်းမနေဘူးလေ စစ်ရှောင်ဟို တောရွာဘက်ပေါ့နော အသွားအလာကအခက်အခဲရှိတယ်ပေါ့နော အဲ့လိုမျိုးဘဲမြင်တယ်။

ခူးမီရယ် ( ကျောင်းသားမိဘ )
သူတို့အတွက်က ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ ဝမ်းသာတာပေါ့နော။ ဒီလိုသူတို့တက်ရောက်တာ ဒီလိုခက်ခဲတဲ့ကာလမှာပေါ့ သူတို့ကြိုးစားပေးတယ် ဒီထက်ပေါ့နော။ ဒီလိုမျိုးတွေ အောင်မြင်သွားကိုတော့ ဝမ်းသာတယ် နောက်ပြီးတော့ သူတို့ အနာဂတ်ကဒီထက်ပေါ့နော။ ဒီထက်ကြိုးစားပြီးတော့ ဒေသနဲ့လူမျိုးအတွက်ပေါ့နော ပိုပြီးတော့ ဂုဏ်ဆောင်တဲ့သူဖြစ်ဖို့ သူတို့အတွက်.သူတို့ရဲ့အနာဂတ်အတွက် ပေါ့ မျှော်လင့်ပါတယ်။ အရမ်းပျော်ပါတယ်ဗျ။ ဒီလိုခက်ခဲတဲ့ကာလမှာ အခြေအနေ အမျိုးမျိုးကနေသူတို့ကြိုးစားပေးပြီးတော့ ဒီလိုဘွဲ့လက်မှတ်တွေပေါ့နော ရတာမြင်ရတော့ တော်တော်လည်းဝမ်းသာတယ်။

spot_img
spot_img