KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၁၉ ) ရက်၊ ၂၀၂၃ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်တွင်းမှာ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု စစ်ကောင်စီ လုပ်ဆောင်နေ
– ထိုင်းနိုင်ငံရောက် ကယန်းလူငယ်တစ်ဦး လုပ်ငန်းခွင်မတော်တဆကြောင့် ဆေးရုံတက်နေရပြီး ဆေးဖိုးဝါးခလိုအပ်နေ
– ဝင်ငွေမရှိတဲ့ စစ်ရှောင်ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်း
– လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ တပ်မ ၆၆ လက်အောက်ခံတပ်သားတစ်ဦးကို ဂုဏ်ပြုငွေ သိန်း (၃၀) ချီးမြှင့် ဆိုတဲ့သတင်းတွေနဲ့အတူ
တော်လှန်ရေး တစ်နှစ်ကျော်ကာလအတွင်း လူငယ်တွေဘယ်လိုအခန်းကဏ္ဍတွေကနေ တော်လှန်ရေးကို ဆက်လက်ပါဝင်နေကြသေးလဲ။ ဘာကြောင့် အဲဒီအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေရတာလဲ။ ဆိုတဲ့ အင်တာဗျူး အစီစဉ်
ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်
KT-FM ကရင်နီဘာသာအစီအစဉ်ကို နေ့စဉ် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှ ၆း၃၀ ထိုင်းစံတော်ချိန် ညနေ ၆ နာရီ မှ ၇ နာရီ အထိ ပုံမှန် ထုတ်လွင့်ပေးလျက်ရှိပါတယ်။