spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၁ )  ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၁ )  ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာဖက်ကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ
– ပင်လောင်းမြို့မှာ ခိုလှုံနေတဲ့ ၁၀ နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် ၈၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်ပွားနေ
– ထိုင်းနိုင်ငံအတွင်းကနေ ပြန်လာတဲ့ ကျောင်းသားတွေအတွက် စာသင်ဖို့ စာရေးကိရိယာတွေ အရေးပေါ် လိုအပ်နေ
– ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေစုပေါင်းပြီး ခရစ္စမတ်ပွဲပြုလုပ်

ဆိုတဲ့သတင်းတွေနဲ့၊ “လူငယ်တွေကြားရေပန်းစားလာတဲ့ ဆေးခြောက်နှင့် နောက်ဆက်တွဲအန္တရာယ် ” ဆိုတဲ့ ဆောင်းပါးနဲအတူ၊ ကရင်နီ သီချင်း ကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img