spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၄ )  ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့)

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၄ )  ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ၊ ရွာခံနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကရင်နီစစ်ရှောင်တစ်ဦး ပွဲချင်းပြီးသေဆုံး
– နေရပ်ပြန် သန့်ရှင်းရေးလုပ်တဲ့ မိုးဗြဲမြို့ခံ တစ်ဦး မိုင်းနင်းမိ၊ မျက်လုံးနှစ်ဖက်လုံးအပြင် ခြေတစ်ဖက် ဆုံးရှုံးရ
– ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရေရှားပါးနေ

စတဲ့ သတင်းတွေ အပါအဝင် “သားတွေကို အရင်သင်္ဂြိုလ်လိုက်ရတယ်” ဆိုတဲ့ ဆောင်းပါးနဲ၊ ကယန်းဘာသာ အစီအစဉ်၊ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယောဘာသာကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား ” အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ ” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img