spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၈ )  ရက်၊ ၂၀၂၄ ခုနှစ် ( တနင်္ဂနွေနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၈ )  ရက်၊ ၂၀၂၄ ခုနှစ် ( တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုမှာ နေအိမ်ပြန် ရှင်းလင်းတဲ့‌ ဒေသခံတွေစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်
– ဆီဆိုင်မြို့နယ် ရှိ စစ်ကောင်စီတပ် ခမရ (၄၂၄)ကို PNLA သိမ်းပိုက်
– ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်၊ ကရင်နီစစ်ရှောင်တွေ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဆိုတဲ့သတင်းတွေနဲ့အတူ၊ ကယန်းဘာသာ အစီစဉ်၊ ကရင်နီ သီချင်း ကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ပကူးဘာသာအစီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား ” အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ ” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img