spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၄ ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၄ ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖယ်ခုံ-မိုးဗြဲအခြေစိုက် မဟာမိတ်ပူးပေါင်းအင်အားစု (၈)ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက် “ကရင်နီ တံခါး” ကမ်ပိန်းပြုလုပ်
–  ၁ လေးလုံးစစ်ဆင်ရေး ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီက လွိုင်ကော်ကို တိုက်လေယာဉ်နဲ့ (၃၆၇) ကြိမ် ဗုံးကြဲတိုက်ခိုက်
–  စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုကြောင့် ဖယ်ခုံမှာ စက်သုံးဆီ ပြတ်လပ် စတဲ့ သတင်းတွေ အပါအဝင်
“စစ်ရေးပဋိပက္ခကြားမှ စိတ်ဒဏ်ရာတွေကို အချင်းချင်းကုစားနေကြတဲ့ အမျိုးသမီးတွေ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာအစီီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img