spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၆ ) ရက်၊ ၂၀၂၃ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၆ ) ရက်၊ ၂၀၂၃ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ရှမ်းပြည်၊ မိုးဦးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင်ဦးရေများတာကြောင့် သောက်သုံးရေ အခက်ကြုံ
–  မယ်စဲ့မြို့က နယ်ခြားစောင့်တပ် ဌာနချုပ်နှစ်ခုကို ပြန်လည်ရရှိခဲ့ပြီလို့ ကလလတဆို
– ဖယ်ခုံမြို့ ၊ ခေါင်းမိုင်းကျေးရွာအနီး တိုက်ပွဲအတွင်း တပ်ရင်းအမှတ် ၁၀၀၇ (MOBYE PDF-2) က ရဲဘော်တစ်ဦးကျဆုံး စတဲ့ သတင်းတွေ အပါအဝင် “ကျည်ဆံတွေကြား အသက်လုနေရတဲ့ ကရင်နီလူထုများ (သို့) ထပ်မပြေးတော့ဘူး ဆိုတဲ့ ကရင်နီစစ်ရှောင်များ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာအစီီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” သန့်ရှင်း‌အောင် နေထိုင်သင့်သည်များ” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img