spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၁  ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၁  ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော်မြို့ပေါ်မှာ ၉ ရက်အတွင်း စစ်ကောင်စီ‌ လေ‌ကြောင်းပစ်ခတ်မှု အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့
– ဖရူဆိုမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ၊ ရေရှည်စားဝတ်နေရေးအတွက် စစ်ရှောင်တွေ စိုးရိမ်
– လွိုင်ကော်က ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ သိမ်းပိုက်ခဲ့
– လွိုင်ကော်မြို့ အထင်ကရ စေတီဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ရှိ စေတီအချို့ လက်နက်ကြီးထိမှန် စတဲ့ သတင်းတွေ အပါအဝင် “ကျည်ဆံတွေကြား အသက်လုနေရတဲ့ ကရင်နီလူထုများ (သို့) ထပ်မပြေးတော့ဘူး ဆိုတဲ့ ကရင်နီစစ်ရှောင်များ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာအစီီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img