spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၈ ) ရက်၊ ၂၀၂၃ ခုနှစ် (တနင်္လာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၈ ) ရက်၊ ၂၀၂၃ ခုနှစ် (တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆီဆိုင်မြို့မှာ လွိုင်ကော် စစ်ရှောင်ထပ်မံရောက်ရှိ၊ နေရာထိုင်ခင်းလိုအပ်နေ
– ဖရူဆိုမြို့နယ်ရှိ တမောလျား စစ်ဘေးရှောင်စခန်းက ကလေးငယ်တချို့မှာ အရေပြားအနာရောဂါဖြစ်ပွားနေ
– ဆီဆိုင်မြို့နယ်ထဲကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် သုံးသောင်းဝန်းကျင်အတွက် နေရာထိုင်ခင်းနဲ့ အမိုးအကာ လိုအပ်မှုရှိနေဆဲ၊ ထောက်ပံ့မှုမရတဲ့ စစ်ဘေးရှောင်များ အခက်ကြုံနေရ
– ညောင်ရွှေမြို့က ကရင်နီစစ်ရှောင်တွေ နေထိုင်တဲ့ နေရာတခု ရှောင်တခင် ဝင်စစ်ခံရပြီး ဖမ်းဆီးခံရသူများရှိနေ
ဆိုတဲ့သတင်းတွေနဲ့၊ “စိတ်ဒဏ်ရာတွေကို ပန်းတွေနဲ့ကုသပေးတဲ့ အမျိုးသမီးလေး “ပန်” ဆိုတဲ့ ဆောင်းပါးနဲအတူ၊
နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img