spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၂၄ ) ရက်၊ ၂၀၂၃ ခုနှစ် ( သောကြာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ ( ၂၄ ) ရက်၊ ၂၀၂၃ ခုနှစ် ( သောကြာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းကို တိမ်းရှောင်လာတဲ့ လွိုင်ကော်စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ လိုအပ်
– ဖရူဆိုစစ်ရှောင်တွေရဲ့ တောင်ယာစိုက်ခင်းတွေကို တိရိစ္ဆာန်တွေဖျက်ဆီး၊ လက်နက်ကြီးကြောင့်ပျက်စီးမှုလည်းရှိနေ
– လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် KNDF စစ်ဗျူဟာ အမှတ်(၂) က “မုဆိုး” ကမ်ပိန်း ပြုလုပ်
– ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ စစ်ရှောင် ၄၀၀၀ကျော်ကိုလက်ခံထား၊ စစ်ရှောင်စခန်း ၁၃ ခုရှိ
– ဒီးမော့ဆိုမှာ စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရ
– လွိုင်ကော်မှာ ဖုန်းလိုင်း အားလုံးပြတ်တောက်နေ
– ရှမ်းပြည်၊ ပင်လောင်းက ကရင်နီ စစ်ရှောင် (၅၄၇) ဦးအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ အလှူရှင် လိုအပ်

ဆိုတဲ့သတင်းတွေနဲ့ ၊ “ကရင်နီ စစ်မီးပဋိပက္ခတွေကြား ပျောက်ကွယ်လုဆဲဆဲ လူမျိုးစု (သို့မဟုတ်) ယင်းတလဲ” ဆိုတဲ့ ဆောင်းပါးနဲ့၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img