spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၁၆ ) ရက်၊ ၂၀၂၃ ခုနှစ် ( ‌‌‌ဗုဒ္ဓဟူးနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၁၆ ) ရက်၊ ၂၀၂၃ ခုနှစ် ( ‌‌‌ဗုဒ္ဓဟူးနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အလုပ်လုပ်ကိုင်နေတဲ့ ကရင်နီပြည်သား နဲ့ အခြားဒေသကသူတွေဟာ အတင်းအကြပ် ခိုင်းစေမှုတွေနဲ့ ခေါင်းပုံဖြတ်မှုတွေ ကြုံတွေ့နေရ
– ထိုင်းက ယာယီလက်ခံထားတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ
– ရွာသစ်မှာပိတ်မိနေတဲ့ ဒေသခံတွေထဲက တချို့ဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဒေသခံအချင်းချင်း နိုင်ထက်စီးနင်းမှု ပြုလုပ်တာတွေရှိနေ
– တပ်ရင်း ၁ (၁၀၀၁)မှ အထူးမွမ်းမံသင်တန်း ပြုလုပ်ပြီးစီး
– ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု များနေ
ဆိုတဲ့သတင်းတွေနဲ့ “စစ်ပွဲနဲ့ ဝေးရာဆီ နေရပ်စွန့်ခွာလာတဲ့ ရွာသစ်ဒေသခံများ” ဆိုတဲ့ ဆောင်းပါးနဲအတူ ၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မြန်မာ စံတော်ချိန် ညနေ ၇း၀၀ မှ ၈းဝဝ ထိုင်းစံတော်ချိန် ညနေ ၇း၃၀ မှ ၈း၃၀ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။ 

spot_img
spot_img