spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ ၂၄  ရက်နေ့ ( ‌‌‌တနင်္လာနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– လွိုင်ကော်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေတဲ့ ကလေးတွေများပြားနေဆဲ
– ဖားဆောင်းမြို့ ရှမ်းဝမ်အောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
– စစ်ရှောင်စခန်းတချို့မှာ မိခင်၊ဖခင်ပွဲနေ့အထိမ်းအမှတ်အနေနဲ့ သက်ကြီးရွယ်အိုတွေကို ကန်တော့
-ကော်‌ယော်(မနုမနော) ဒေသမှာ နှစ်စဥ်ကျင်းပပြုလုပ်ကြတဲ့ ဗေ့လဂါဖို (ခေါ် ) ဒီးကူပွဲ
စတဲ့သတင်းတွေ အပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ဒေသတွင်း သတင်းတွေ……
အမျိုးသမီးကဏ္ဍကနေပြီး “ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ဗဟိုကော်မတီဝင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း“ ဆိုတဲ့  ကြားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  

spot_img
spot_img