spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၁၁ ရက်နေ့ ( ‌‌‌‌စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– မယ်စဲ့ကိုပြန်ရဖို့ အင်အားသုံးမဲ့စစ်ကောင်စီ ရှမ်းမြောက်တိုက်ပွဲအတွက် တပ် တချို့ကို ပြန်နုတ်ယူ
– စစ်ကောင်စီက မိုးဗြဲမြို့ အနောက်ဘက်က စစ်ရှောင်စခန်းတွေဆီ သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ အမျိုးသားတဦးထိမှန်
– မယ်စဲ့က ကိုယ်ဝန်ဆောင်မိခင် ၃၀ ကျော်အတွက် အစာအာဟာရ နဲ့ အသုံးဆောင်ပစ္စည်းတွေ လိုအပ်
– စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တရက်တည်းမှာ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံး
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ…
– မြန်မာအပါအဝင် နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်တွေနဲ့
ဆောင်းပါးကဏ္ဍကနေပြီး “ကရင်နီပြည်မှာ လွတ်လပ်နေတဲ့ သစ်ရွက်ကလေး”  ဆိုတဲ့ ဆောင်းပါးကို   ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img