KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ( တနင်္ဂနွေနေ့)
ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– လွိုင်ကော်မြို့ပြင်ပတ်လည်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားနေ
– တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကျဲ
– ကရင်နီပြည်၊ ဆိုတရှားမြို့နယ်ထဲက စစ်ရှောင်စခန်းတခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေး ဖျားနေကြ
– လုံခြုံရေးအတွက် ကရင်နီပြည် ရဲဌာန နဲ့ KNDF တပ်ရင်း ( ၅ ) တို့က ရှောင်တခင် စစ်ဆေးခြင်းပြုလုပ်
–ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဗုံးကြဲတိုက်ခိုက်ခံရ၊ အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိ
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ…
ကျန်းမာရေးကဏ္ဍကနေပြီး “အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။