spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၁၅ ရက်နေ့ ( ‌‌‌‌ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၁၅ ရက်နေ့ ( ‌‌‌‌ဗုဒ္ဓဟူးနေ့)
ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– သုံးရက်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ (၂၀) ဦး နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံး
– ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦးကျဆုံး
– လောပိတဘက်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၊ စာသင်ကျောင်းတွေ ပိတ်ထား
– စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၇)နှစ်အရွယ် ပရဟိတအသင်းဝင်တစ်ဦး သေဆုံး
– မြို့သိမ်းတိုက်ပွဲမှာ လူထုတွေ ဘေးကင်းရာကို ရွှေ့နေပေးကြဖို့ KNDF ဥက္ကဌ ခွန်းဘီထူး တိုက်တွန်း
– လက်နက်ကြီးထိမှန်မှုကြောင့် နန်းကွတ်ရပ်ကွက်မှ ဒေသခံနှစ်ဦးသေဆုံး
– လွိုင်ကော်ရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ ပြည်သူဘက်သို့ကူးပြောင်းလာ၊ KNDF က ငွေသိန်းသုံးဆယ် ပေးအပ်
စတဲ့သတင်းတွေနဲ့ အတူ
သတင်းလွှာတွေထဲက
– ၁ လေး လုံး စစ်ဆင်ရေးစတင်ပြီးနောက် ထပ်ဆင့်စစ်ရှောင်အပါအဝင် တိမ်းရှောင်နေရသူ သုံးသောင်းခွဲအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
– ဆေးဝါးသယ်ယူလို့မရတာကြောင့် ၅ နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့်မရဘူးလို့ ဆိုပါတယ်

ဆောင်းပါးကဏ္ဍကနေပြီး “အလေးထားသင့်တဲ့စိတ်ကျန်းမာရေး” ဆိုတဲ့ ဆောင်းပါးကို   ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img