spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ( ‌‌‌‌သောကြာနေ့)

ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့

သတင်းတွေထဲက …..

– လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ဒီးမော့ဆိုဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေ အကူအညီလိုအပ်နေ

– ဖရူဆိုစစ်ရှောင်တစ်နေရာမှာ ကျောင်းသူ/သားတွေအတွက် စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေး

– လွိုင်ကော် စစ်ကောင်စီ လက်အောက်ခံ တပ်သားနဲ့ ရဲသားတွေ ကို လက်နက်ချဖို့ KNDF ဒု-စစ်ဦးစစ်ချုပ် မာဝီ ဖိတ်ခေါ်

– မြို့ပြစစ်ဆင်ရေးမှာ KNDF တပ်ရင်း ၈ မှ ကွန်မန်ဒိုရဲဘော် ဟင်နရီ ကျဆုံး

– စစ်ကူတောင်းပေမဲ့ မပေါ်လာတဲ့အတွက် လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်ကြီးကောင်းမြတ်ကို

– နိုဝင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မှာ ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

စတဲ့သတင်းတွေနဲ့ အတူ သတင်းလွှာတွေထဲက

– စစ်ကူမရောက်လာတဲ့အတွက် လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့လို့ ဗိုလ်ကြီးကောင်းမြတ်ကိုပြောဆို

– လွိုင်ကော်ကနေထွက်လာတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ လိုက်လံပစ်ခတ်ခဲ့

– မော်ချီးဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေရှိနေ

ဆိုတဲ့သတင်းတွေနဲ့ အပါအဝင်

– နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လွိုင်ကော်မြို့တွင်းတိုက်ပွဲကြားကနေ ဒီးမော့ဆိုမြို့ ကိုရောက်ရှိလာတဲ့ ဒေသခံတွေရဲ့ စကားသံတွေ…..

ဆောင်းပါးကဏ္ဍကနေပြီး “ ကျည်ဆံတွေကြား အသက်လုနေရတဲ့ ကရင်နီလူထုများ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img