spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၁၈ ရက်နေ့ ( ‌‌‌‌စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ကရင်နီတော်လှန်ရေး အဖွဲ့လေးဖွဲ့ ကလလတ တပ်ရင်း အမှတ်(၉၄၂၅) အဖြစ် ဝင်ရောက်ပူးပေါင်း
– လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အမဲရောင် အထုပ်တွေချပေးနေ၊ တိုက်ပွဲတွေ ပြင်းထန်နေဆဲ
– ဒီးမော့ဆိုအခြေစိုက် ခလရ (၁၀၂)တပ် မှ လွိုင်ကော်မြို့ဖက်ကို လက်နက်ကြီးအချက်ရေ များစွာပစ်ခတ်နေ
– ၁၁.၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲဖက်မှာ မိုးဗြဲအခြေစိုက် ခမရ ၅၁၈ အပါအဝင် တပ်စခန်း ၉ ခုကို တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်
– စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ထပ်မံတောင်းဆို
–  ၁၁.၁၁ စစ်ဆင်ရေးအတွင်း ကလလတ တပ်ဖွဲ့ဝင် သုံးဦး ကျဆုံး

စတဲ့သတင်းတွေနဲ့ အတူ သတင်းလွှာတွေထဲက
– ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီပြောင်းလဲမှုကြောင့် ဖျားနာသူ ၆၀၀ ကျော်ရှိနေ
– ရှမ်းတောင်ကို တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့ တောင်းဆို
– တစ်ရက်အတွင်း လွိုင်ကော်မှာ ကလေး၂ဦး အပါအဝင် အရပ်သားပြည်သူ၅ဦးသေဆုံးကာ အမည်မသိ အမျိုးသားရုပ်အလောင်း တစ်လောင်းတွေ့ရှိ

ဆိုတဲ့သတင်းတွေနဲ့ အပါအဝင်
မြန်မာအပါအဝင် နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ တစ်ပတ်အတွင်း သတင်းကောက် နုတ်ချက်တွေနဲ့
ဆောင်းပါးကဏ္ဍကနေပြီး “မြို့သိမ်းတိုက်ပွဲကြားက မြေစာပင်တွေရဲ့ ဆုတောင်းသံ” ဆိုတဲ့ ဆောင်းပါးကို   ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img