spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၂၀ ရက်နေ့ ( ‌‌‌‌တနင်္လာနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– လွိုင်ကော်မြို့မှာ တစ်ပတ်အတွင်း လေကြောင်းပစ်ခတ်မှု ၁၇၈ ကြိမ်ရှိခဲ့
– မိုးဗြဲမြို့၊ စက်တော်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ဖယ်ခုံ KNDFတပ်ရင်း (၁၁) မှ ရဲဘော် (၃)ဦး ကျဆုံးခဲ့
– မနေ့က လွိုင်ကော်မြို့ ဥတ္တာရုံကျောင်းတိုက်မှာ လက်နက်ကြီးကျပြီး ကိုရင်နှစ်ပါး ပျံလွန်
– လွိုင်ကော်မြို့မှ UNနဲ့ INGO ဝန်ထမ်းတွေနဲ့ မိသားစုဝင်အပါအဝင် (၂၂၈)ဦး တိုက်ပွဲကြားက ရွေ့ပြောင်းနိုင်ခဲ့
ဆိုတဲ့သတင်းတွေနဲ့ အပါအဝင် ဒေသအတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “မိထော်နဲ့ ကိန္နရီတို့ ညီအစ်မ နှစ်ယောက်ရဲ့ တော်လှန်ရေးခရီး” ဆိုတဲ့ ဆောင်းပါးကို   ကြားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img