spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဒီဇင်ဘာလ  ၂ ရက်နေ့ ( စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ဒီးမော့ဆိုမြို့မ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွား
– တိုက်ပွဲကြောင့် ပြည်သူတွေစွန့်ခွာသွားခဲ့ရတဲ့ ဒီးမော့ဆိုမြို့ရဲ့ လက်ရှိမှာ ချုံတွေထူထပ်နေ
– စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုကြောင့် ဖယ်ခုံမှာ စက်သုံးဆီ ပြတ်လပ်
– စစ်ဘေးရှောင်တွေရဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်တွေ ဖျားနာပြီး သေဆုံးနေ
– ၁ လေးလုံးစစ်ဆင်ရေး ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီက လွိုင်ကော်ကို တိုက်လေယာဉ်နဲ့ (၃၆၇) ကြိမ် ဗုံးကြဲတိုက်ခိုက်
–ညောင်ရွှေရောက် ကရင်နီစစ်ရှောင် ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက်နိုင်ဖို့ စီစဥ်ဆောင်ရွက်ပေး၊ သင်ထောက်ကူပစ္စည်းလိုအပ်
စတဲ့သတင်းတွေ အပါအဝင် ဒေသတွင်းသတင်းတွေနဲ့
-မြန်မာအပါအဝင် နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်တွေ…..
ဆောင်းပါးကဏ္ဍကနေပြီး  “ကရင်နီ စစ်မီးပဋိပက္ခတွေကြား ပျောက်ကွယ်လုဆဲဆဲ လူမျိုးစု (သို့မဟုတ်) ယင်းတလဲ”  ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img