spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ( တနင်္ဂနွေနေ့)

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ( တနင်္ဂနွေနေ့)
ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ဖယ်ခုံ-မိုးဗြဲအခြေစိုက် မဟာမိတ်ပူးပေါင်းအင်အားစု (၈)ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက် “ကရင်နီ တံခါး” ကမ်ပိန်းပြုလုပ်
– စစ်ကောင်စီ လမ်းပိတ်ဆို့မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတွေအတွက် ဆန် ဝယ်ယူလို့မရ
– ရှမ်းပြည်၊ မိုးဦးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင်ဦးရေများတာကြောင့် သောက်သုံးရေ အခက်ကြုံ
စတဲ့သတင်းတွေ အပါအဝင်
ကျန်းမာရေးကဏ္ဍကနေပြီး “အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ကြားကြရမှာဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img