ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံအနီးကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ၊ ထိခိုက်မှုမရှိ
– ကရင်နီမှာ ဖမ်းမိတဲ့ လေယာဥ်မှူးခိုင်သန့်မိုးက မိမိလုပ်ရပ်အတွက် နောင်တရကြောင်း တောင်းပန် စကားဆို
– ကရင်နီပြည်က စစ်ရှောင်တွေ လာမယ့်နှစ် စားနပ်ရိက္ခာအတွက် စပါးစိုက်ပျိုးဖို့ IEC တိုက်တွန်း
– (၁၁.၁၁) စစ်ဆင်ရေးအတွင်း ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦး ကျဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ
စတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်းသတင်းကောက်နုတ်ချက်တွေ….
ကျန်းမာရေးကဏ္ဍကနေပြီး “လူငယ်တွေကြားရေပန်းစားလာတဲ့ ဆေးခြောက် နှင့် နောက်ဆက်တွဲ အန္တရာယ်” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ကြားကြရမှာဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။