spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၄၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ( ‌သောကြာနေ့)

ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့

သတင်းတွေထဲက …..

– ဖရူဆိုမြို့နယ်မှ ကျေးရွာတရွာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို တော်လှန်ရေး တပ်ပေါင်းစုတွေ ရှင်းလင်းခဲ့

– ၂ လကျော်အတွင်း ကရင်နီပြည်အပါအဝင် နေရပ်စွန့်ခွာရသူ ခြောက်သိန်းကျော်အထိ ရှိလာ၊ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားမယ်လို့ UNOCHA ထုတ်ပြန်

– 1008 – SSRY တပ်ရင်းမှ တပ်သားသစ် ၅၀ ဦးကို ခေါ်ယူနေ

–ပိတ်မိနေတဲ့ ဖယ်ခုံဒေသခံတွေကို လာကယ်ထုတ်တဲ့ စက်လှေ ပစ်ခတ်ခံရ၊ လူထိခိုက်မှုမရှိ

စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ….

“အသားဓာတ်ရဖို့ ချောင်းငါးရှာစားကြသူတွေ” ဆိုတဲ့ ဆောင်းပါးကို ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img