spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၄၊ ဇန်နဝါရီလ ၂၅ ရက်နေ့ ( ‌‌ကြာသပတေးနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း ၈၀ ကျော် အတွက် တကိုယ်ရေသုံးပစ္စည်း များလိုအပ်
– ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး မြို့နေလူထုတွေနဲ့ လာရောက်ခိုလှုံနေကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေ ပြောင်းရွေ့နေရ
– ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရင်းတချို့ တပ်ရင်းအလိုက် ဘက်ပြောင်းနိုင်ဖို့ စီစဉ်နေကြောင်း KNDF ထုတ်ပြန်
– ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တိုက်ပွဲဖြစ်ပွားနေချိန်မှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်း အတုအယောင်တွေကို သတိပြုကြဖို့ PNLA အသိပေး
–ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း ၃ ခုမှ လူဦးရေ ၃၅၀ အတွက် အနွေးထည် နဲ့ အာဟာရ တစ်နပ်စာ လှူဒါန်း
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေနဲ့
–မြို့ပြစစ်ဆင်ရေးရဲ့ ရှေ့တန်းရဲဘော် “အထွေးလေး” ဆိုတဲ့ ဆောင်းပါးကို ကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။  

 KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img