spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၄၊ မတ်လ ၃၁  ရက်နေ့ ( ‌‌‌တနင်္ဂနွေနေ့)


ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
– ရှမ်းတောင်တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူ (၃၀) ဝန်းကျင်ရှိပြီး ပျောက်ဆုံးသူလည်းရှိနေ
– ကရင်နီက တပ်စခန်းတွေ ထပ်မံ အသိမ်းမခံရအောင် တပ်စခန်း အကာအကွယ်တွေကို စစ်ကောင်စီတိုးချဲ့ လုပ်ဆောင်ထား
– ကမ်းခွမ် (ခ) တံခွန်တိုင် ရိုးရာဓလေ့ဆိုင်ရာ ရက်တိုသင်တန်း ပြုလုပ်
– ဖရူဆိုမြို့ရှိ ခိုးလီဆိုစစ်ရှောင်စခန်းမှာ ကျောင်းအမိုးအကာနဲ့ အိမ်သာခွက် လိုအပ်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေ
–ကျန်းမာရေးကဏ္ဍကနေပြီး “စစ်ရဲ့အကျိုးဆက် ညဖက်အိပ်မပျော်တာတွေကို ဘယ်လို ကုစားမလဲ” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဒေါက်တာစိုးရန်နိုင်နဲ့ ဆက်သွယ်မေးမြန်းခြင်း” ကို ကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။  

KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img