spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဩဂုတ်လ ၁၉ ရက်နေ့ ( ‌‌စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ထီးသော်ကူးကျေးရွာ ဘုရားကျောင်းကို စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမှတ်တမ်းကို KNDF ထုတ်ပြန်
– စစ်ရှောင်လူထုအတွက် ဆေးဝါးတွေလိုအပ်ချက်တွေကို လှူဒါန်းပေးဖို့ မူကယန်းလူမှုကူညီမှု အသင်းဖိတ်ခေါ်
– ဒီးမော့ဆိုစစ်ရှောင်စခန်းတစ်ခုမှ ကလေးတစ်ဦးနဲ့လူငယ်တစ်ဦး ခွေးရူးကိုက်ခံရ
– KNPP မှတဆင့် BGF တပ်ဖွဲ့ဝင်အပါအဝင် မိသားစုဝင် ၁၅ ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း
-(၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ တစ်နေရာမှာ အကျဉ်းချုပ်ပြုလုပ်

စတဲ့သတင်းတွေအပါအဝင်  ဒေသတွင်းသတင်းတွေ…….
“ ကရင်နီပြည်က ကိုယ်၀န်ဆောင် မိခင်ရဲ့ ခုခံ  “စစ်” ” ဆိုတဲ့ဆောင်းပါးနဲ့
– မြန်မာအပါအဝင် နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်တွေကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img