spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ ၁၈ ရက်နေ့ ( ‌‌အင်္ဂါနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– သွားလာရေးအခက်အခဲဖြစ်တဲ့ လမ်းတစ်နေရာကို ဒေသခံနဲ့ စစ်ရှောင်စုပေါင်းပြီး ကိုယ်ထူကိုယ်ထပြုပြင်ကြ
– ခြင်ကြောင့်ဖြစ်တဲ့ ရောဂါကနေ ကာကွယ်ဖို့ စစ်ရှောင်တွေ ဆောင်ရွက်နေကြ
– ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဆယ်ကျော်သက်လူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး သင်တန်းပြုလုပ်
စတဲ့သတင်းတွေ အပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ဒေသတွင်း သတင်းတွေ……
– “ နိုင်ရာဝန်ကို ထမ်းနေတဲ့ အညတရ စေတနာ့ဝန်ထမ်း တော်လှန်ရေးသမားများ “  ဆိုတဲ့ ဆောင်းပါး ကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  မဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img