spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ ၁၉ ရက်နေ့ ( ‌‌ဗုဒ္ဓဟူးနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူးစစ်ရှောင်တွေအတွက် စားဝတ်နေရေးနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်နေဆဲ
– ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ၊ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
– ကရင်နီပြည်နယ်က မြို့နယ်လေးခုမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေ
– ဘောလခဲမှာ အချိန်မီ ဆေးဝါးကုသခွင့်မရတာကြောင့် ၅ နှစ်အောက်ကလေးငယ်တစ်ဦး သေဆုံး၊ မြို့ခံများ စစ်ကောင်စီတပ်က ခွင့်ပြုမှသာ မြို့ပြင်ထွက်ခွင့်ရ
စတဲ့သတင်းတွေ အပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ဒေသတွင်း သတင်းတွေ……
– ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှ ကျောင်းသူကျောင်းသားတွေရဲ့ စကားသံကိုကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  မဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img