ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေကြောင့် ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တချို့ နေရပ်ပြန်စစ်ရှောင်ကြ
– ဖယ်ခုံမြို့နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ စားနပ်ရိက္ခာလိုအပ်
– ဒီးမော့ဆိုက စစ်ရှောင်စခန်းတွေမှာ ရာသီသွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေဆဲ
– စစ်ရှောင်တွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေဖို့ ကိုယ်ထူကိုယ်ထ လမ်းပြုပြင်မှုများလာ
စတဲ့သတင်းတွေနဲ့ အတူ ဒေသတွင်းသတင်းတွေ….
“ စစ်ပွဲနဲ့ ဝေးရာဆီ နေရပ်စွန့်ခွာလာတဲ့ ရွာသစ်ဒေသခံများ။” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။