spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ စက်တင်ဘာ လ ၁၀ ရက်နေ့ ( ‌‌‌တနင်္လာနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
–  ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်း သွားလာခြင်းမပြုလုပ်ဖို့ KNDF အသိပေး
– ကုန်းသာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဖက်မှ တပ်ပြန်ဆုတ်
– ဒိုးပရယ်အုပ်စု ဝှယ်သူတော်ကျေးရွာမှာ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ အကျဥ်းချုံး ပြုလုပ်
– တတိယအကြိမ်မြောက် ကယားစာပေ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
– ယခုနှစ် ပြောင်းဖူးစိုက်တောင်သူတွေ စျေးကောင်းရ
– စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင်စိုက်ပျိူးကြတဲ့ နှမ်း အရှုံးနဲ့ ရင်ဆိုင်နေရ
– ဖယ်ခုံမြို့နယ်ထဲက ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
စတဲ့သတင်းတွေနဲ့ အတူ
ကျန်းမာရေးကဏ္ဍကနေပြီး “စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု” နဲ့ ပတ်သက်ပြီး ဒေါက်တာ ပြည့်ဖြိုးကျော်နှင့် ဆက်သွယ်မေးမြန်းထားတာကိုကြားကြရမှာ ဖြစ်ပါတယ်။  ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img