ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– စစ်ရှောင်စခန်းတွေမှာ ဦးစားပေးစနစ်နဲ့ ရိက္ခာတွေပေးဝေနေလို့ စစ်ရှောင်တချို့ အခက်တွေ့နေ
– အာဏာသိမ်းကာလအတွင်း အသက်(၁၈)နှစ်အောက်ကလေး သေဆုံးသူ အနည်းဆုံး (၅၀)ဦးဝန်းကျင်ရှိနေ
– ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တဲ့အတွက် စစ်ဘေးရှောင်တွေ ထပ်ဆင့်စစ်ရှောင်နေကြရ
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေ ၊ စားသုံးဆီ အဓိက ပြတ်လပ်နေ
စတဲ့သတင်းတွေနဲ့အတူ ဒေသတွင်းသတင်းတွေ
ကျန်းမာရေးကဏ္ဍကနေပြီး “သွေးလွန်တုပ်ကွေးအကြောင်း သိသင့်သည်များ” ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။