spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ ၂၂  ရက်နေ့ ( ‌‌‌စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– စစ်ရှောင်တွေကို ကယ်ဆယ်နေစဉ် စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရ
– လွိုင်ကော်မြို့ နှစ်နေရာမှာ တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ အမျိုးသားတစ်ဦးသေဆုံး
– စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ သတ္တုတွင်းလုပ်ငန်း တစ်ခု နဲ့ လူ(၆)ဦးကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုမှာ ဦးပိုးရယ်အောင်သိန်းလည်း ပါဝင်
စတဲ့သတင်းတွေ အပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ဒေသတွင်း သတင်းတွေ……
“ ကလေးတို့၏ အမှောင်ထုခရီးဖြတ်သန်းခြင်း“ ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  

spot_img
spot_img