KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ အောက်တိုဘာလ ၁၂ ရက်နေ့ ( ကြာသပတေးနေ့)
ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက …..
– မိုးဗြဲမြို့ပေါ်တိုက်ပွဲ မှာ စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံးဟု ဆို
– ကချင်ပြည်နယ် မုန်လိုင်ခက်စစ်ရှောင်စခန်းမှ လသားအရွယ်အပါအဝင် ၃၀ဦးထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် KSCC ကန့်ကွက်ရှုတ်ချ
– New Horizon Instidute မှ ကျောင်းသူ/သား ၁၄ဦးကို ကျောင်းဆင်းလက်မှတ်ပေးအပ်ခဲ့
– (၃) ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေတက်လာ၊ ဒေသခံစိုက်ပျိုးထားတဲ့ သီးနှံအချို့ ပျက်စီးမှုရှိ
– ဘောလခဲမြို့ပေါ်မှာ ဆန်ပြတ်လပ်နေ၊ ဆန်ပြုတ်ချက်စားနေရသလို ပြောင်းဆံတွေနဲ့ ရောပြီး ချက်စားနေရ
စတဲ့သတင်းတွေနဲ့အတူ ဒေသတွင်းသတင်းတွေ
– “ အမိမြေက အာဇာနည်ရဲဘော်” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။