spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မတ်လ ၁၆ ရက်နေ့ (ကြာသပတေးနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်

သတင်းတွေထဲက  …..

– ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ လက်နက်ကြီး ၆လုံးထက်မနည်း ကျရောက်ပြီး လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစ်စီးထိမှန်

– ဒီးမော့ဆိုအရှေ့ခြမ်းမှထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူအများစု နေရာထိုင်ခင်း အတည်တကျ မရှိသေး

– လွိုင်ကော်ဘက်ကို ရောက်ရှိနေတဲ့ ဒီးမော့ဆိုစစ်ရှောင်တွေအတွက် အကူအညီလိုအပ်နေ

– နမ်းနိန်းကျေးရွာမှာ သံဃာတော်သုံးပါးအပါအဝင် ဒေသခံ ၃၀ဦး အသတ်ခံရမှုကို တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်

စတဲ့ ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ ၊

– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ထပ်ဆင့်ပြောင်းရွေ့နေကြရတဲ့ စစ်ရှောင်လူထုတချို့ရဲ့ ပြောစကားတွေ ၊ဒေသတွင်းသတင်းတွေနဲ့

သတင်းပေးပို့ချက်ထဲက

–  “ မတူကွဲပြားမှုတွေကြားက ရှေ့ဆက်ရမယ့် ကရင်နီစစ်ရှောင်များ”… ဆိုတဲ့ ဆောင်းပါးကို ကြားရဖို့ရှိပါတယ် ။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်

spot_img
spot_img