ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– တနီးလားလဲတိုက်ပွဲမှာ KNDF တပ်ရင်း ၉ ရဲဘော် ဆာဗီးနို(ခ)မျိုးကြီး လက်နက်ကြီးထိမှန်ကျဆုံး
– ဒေါတမကြီးတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူကို စစ်ကောင်စီမှ ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်သယ်ယူ
– လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ဒေါတမကြီး ၊ ဒေါညေးခူ ရွာ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီး
-စစ်ရေးဆက်လက်တင်းမာလာဖို့ ရှိနေတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ပြည်သူလူထုတွေကို ဆက်ဆက်တောင့်ခံပေးဖို့ KNDF တိုက်တွန်း
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ၊ ဒေသတွင်းသတင်းတွေနဲ့
“မတူကွဲပြားမှုတွေကြားက ရှေ့ဆက်ရမယ့် ကရင်နီစစ်ရှောင်များ ” ဆိုတဲ့ ဆောင်းပါးကို ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်