spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဇွန်လ ၃ ရက်နေ့ ( ‌‌စနေနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေ
– မြောက်ပိုင်းညီနောင်မဟာမိတ်( ၃ ) ဖွဲ့ ပေးတဲ့အကူအညီက တိုက်ပွဲတွေမှာ အထောက်အကူဖြစ်စေတယ်လို့ KNDF ဆို
– ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲ
− ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်လူထုများ ကိုယ်ထူကိုယ်ထ လမ်းခင်းနေ၊ အကူအညီများ လိုအပ်
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်တွေနဲ့
−“ခက်ခဲကြပ်တည်းလာတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတွေရဲ့ဘဝ”ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img