spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဇွန်လ ၂၂ ရက်နေ့ ( ‌‌ကြာသပတေးနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– မယ်စဲ့ စစ်ရှောင်ဦးရေ ၅၀၀၀ ထိရှိလာ၊ စားနပ်ရိက္ခာလိုအပ်နေဆဲဖြစ်
– လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းပေါင်း ၅၀  ကျော် ဖွင့်လှစ်နေပေမယ့် ဆရာလုံလောက်မှုမရှိ
– ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှာ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ကျင်းပ
– KNPLF ဌာနချုပ်ရှိတဲ့ ဟိုစဲ့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ …….
– ဇွန်လ (၂၀)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကရင်နီစစ်ဘေးဒုက္ခသည်တွေရဲ့ စကားသံတွေ နဲ့  ဒေသတွင်းသတင်းတွေ……
– “ခက်ခဲကြပ်တည်းလာတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတွေရဲ့ဘဝ ” ဆိုတဲ့ ဆောင်းပါးကို    ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

https://youtu.be/Gd0963YrCbE
spot_img
spot_img