spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဇွန်လ ၂၆ ရက်နေ့ ( ‌‌တနင်္လာနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– မယ်စဲ့မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုမှာ တပ်သားထွက်ပြေးပြီး လက်နက်ချအညံ့ခံ
– ဩစတေးလျနိုင်ငံမှာ ကျင်းပတဲ့ ၁၄၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနား
– ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး
– စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ရက်ဆက်ပျံသန်းမှုတွေကြောင့် ဒေသခံတွေစိုးရိမ်
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့  
-အမျိုးသမီးကဏ္ဍကနေပြီး ‘ကရင်နီပြည်တွင်း အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရမှုနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အတွင်းရေးမှူး (၂) နှင့် တွေ့ဆုံမေးမြန်းခြင်း။’ ကို   ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img