spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ  ၇ ရက်နေ့ ( ‌‌သောကြာနေ့)

ဒီကနေ့ မနက်ပိုင်းမှာ ktfm ကနေ နားဆင်ရမယ့်အစီအစဉ်တွေကတော့
သတင်းတွေထဲက  …..
– ဇွန်လအတွင်း ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၅၀) ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန်
– ရွာသစ်မှာ စစ်ကောင်စီက လူနေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းတွေသိမ်းယူ၊ ပျဉ်ထောင်အိမ်တွေကို ဖြုတ်ယူပြီး လမ်းမှာ အကာအကွယ်ပြုလုပ်နေ
– ဒီးမော့ဆိုအနောက်ဖက်ခြမ်းနဲ့ ဖယ်ခုံအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်ချို့မှာ ဆန်ပြတ်လပ်
စတဲ့ သတင်းတွေအပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသင်းတွေ ဒေသတွင်းသတင်းတွေနဲ့…
– “ ခြေနှစ်ဖက် ဆုံးရှုံးလိုက်ရပေမယ့် တော်လှန်ရေးမှာ နိုင်သလောက်ပါဝင်ဦးမယ့် KNDF တပ်စုမှူး ခူးဘိုးရယ် ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  မဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img