spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဇူလိုင်လ ၁၃ ရက်နေ့ ( ‌‌ကြာသပတေးနေ့)

ဒီကနေ့ မနက်ပိုင်းမှာ ktfm ကနေ နားဆင်ရမယ့်အစီအစဉ်တွေကတော့
သတင်းတွေထဲက  …..
– ကရင်နီပြည် နေရာ၂ခုကို စစ်ကောင်စီက သန်းခေါင်ယံချိန်မှာ လေယာဉ်နဲ့ဗုံးကြဲ၊ အရပ်သားနှစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုများပြား
– ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ တိမ်းရှောင်နေရ
–ဖယ်ခုံအနောက်ဘက်ခြမ်းကစစ်ရှောင်စခန်းတစ်ခုမှာလူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေး ဖြစ်ပွား

– စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးတွေအတွက် ဂီတ သင်တန်းကျောင်းဖွင့်လှစ်

စတဲ့သတင်းတွေ အပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ နဲ့ဒေသတွင်း သတင်းတွေ……
-“ကရင်နီပြည်မှာလွတ်လပ်နေတဲ့ သစ်ရွက်ကလေး “  ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  မဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img