spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက် (‌‌စနေနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက် (‌‌စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အခြေခံပညာကျောင်း ၄၀၀ ကျော်ဖွင့်လှစ်သွားဖို့ရှိပါတယ်။
– ဆီဆိုင်မြို့က စစ်ရှောင်စခန်းတချို့မှာ ကျောင်းမဖွင့်လှစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
– ကယားလီဖုလူငယ်အဖွဲ့မှ ၁၆ ရက်ကြာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်း ပို့ချပေးခဲ့တယ်လို့ သိရပါတယ် စတဲ့သတင်းတွေအပါအဝင်
– မယ်စဲ့မြို့နယ်အတွင်းက စစ်ရှောင်တွေ ငှက်ဖျားရောဂါအဖြစ်များနေ
– အင်အား ၅၀၀နဲ့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီစစ်ကြောင်း ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံကို ရောက်ရှိ
ဒေသတွင်းသတင်းတွေ
– အပတ်စဉ်တင်ဆက်ပေးနေတဲ့ ကျန်းမာရေးကဏ္ဍကနေပြီး “ ဘေးအန္တရာယ်ကြုံတွေ့နေရစဉ် စိတ်ပိုင်းဆိုင်ရာဖြေရှင်းနည်းများ  ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေနဲ့ပတ်သက်ပြီး IEC ရဲ့ သယ်ယူပို့ဆောင်ရေး ဌာနခွဲရဲ့ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း နဲ့ ကရင်နီဒေသတွင်းသီးချင်းတွေနဲ့  voa နိုင်ငံတကာ သတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img