spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  (၁၅) ရက်၊ (သောကြာနေ့)
– ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PNO စစ်သုံ့ပန်းတစ်ဦး ဖမ်းမိ
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ကလေးတွေ ခွေးကိုက်ခံနေရတာ ဆက်တိုက်ဖြစ်လာတာကြောင့် မိဘများ စိုးရိမ်မှုရှိနေ
– IEC ပညာရေးဌာန၊ အခြေခံပညာဌာနခွဲ က ဒု-ညွှန်ကြားရေးမှူး နေရာ ခေါ်ယူနေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ကရင်နီနယ်မြေက LGBT ဆရာမရဲ့ ရပ်တည်မှု” ဆိုတဲ့အကြောင်းနဲ့အတူ၊ “ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ၄ မိုင်ဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း” တွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။ အခုတော့ ကန္တာရဝတီတိုင်း (မ်) ရဲ့သတင်းတွေကို ပြောပြပေးသွားပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img